သူမရဲ႕ဘ၀မွာ ပထမဦးဆံုးထိုးခဲ့တဲ့ တက္တူးေလးကို ပရိသတ္ႀကီးအားျပသလာတဲ့ အဆိုေတာ္ Bobby Soxer

Posted on

သူမရဲ႕ဘ၀မွာ ပထမဦးဆံုးထိုးခဲ့တဲ့ တက္တူးေလးကို ပရိသတ္ႀကီးအားျပသလာတဲ့ အဆိုေတာ္ Bobby Soxer

Hip Hop ေလာကတစ္ခုမွာ ပရိတ္သတ္ေတြ အားေပးခ်စ္ခင္မႈ အျပည့္နဲ႔ နာမည္ႀကီးၿပီး ေနရာရခဲ့တဲ့ အဆိုေတာ္ လႊမ္းပိုင္နဲ႔ Bobby Soxer တို႔ကေတာ့ ယခုအခ်ိန္ထိ ေအာင္ျမင္မႈမ်ားစြာကို ရရွိပိုင္ဆိုင္ထား သူေတြပဲ ျဖစ္ပါတယ္။ အဆိုေတာ္ လႊမ္းပိုင္ကေတာ့ သီခ်င္းေတြ သီဆိုတဲ့အျပင္ သ႐ုပ္ေဆာင္ဘက္ကိုပါ ကူးေျပာင္းလာခဲ့ကာ သ႐ုပ္ေဆာင္ ပီျပင္မႈေတြေၾကာင့္ ပရိတ္သတ္ အားေပးရတဲ့ ေနရာတစ္ခုမွာ ရွိေနတာပဲ ျဖစ္ပါတယ္။

အဆိုေတာ္ Bobby Soxer ကေတာ့ သူမႏွစ္သက္တဲ့ သီခ်င္းေတြကိုပဲ သီဆိုေနကာ ပရိတ္သတ္ေတြရဲ့ အခ်စ္ကို ရယူထားသူပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ဘက္ကိုေတာ့ သူမကိုယ္တိုင္ကလည္း စိတ္မဝင္စားတာေၾကာင့္ မလုပ္ျဖစ္တာျဖစ္ၿပီး သူမခ်စ္ရတဲ့ လြမ္းပိုင္ကိုေတာ့ အျမဲတမ္း အေနာက္ကေန Support ေပးေနပါတယ္လို႔ ေျပာျပခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ့ ခ်စ္သူသက္တမ္းကေတာ့ ၁၀ႏွစ္နီးပါး ရွိသြားခဲ့ၿပီျဖစ္ၿပီး ယခုအခ်ိန္ထိ တစ္ေယာက္အေပၚ တစ္ေယာက္ နားလည္ကာ ခ်စ္ၾကသူေတြမို႔ ပရိတ္သတ္ေတြက အားက်ေနရတာပဲ ျဖစ္ပါတယ္။

ေခတ္လူငယ္တစ္ေယာက္ပီပီ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးသာေနထိုင္ တတ္တဲ့ Bobby Soxer ဟာ သူမရဲ့ လူငယ္ဘဝမွာ တက္တူးတစ္ခုကိုလည္း ထိုးခဲ့ၿပီပဲျဖစ္ပါတယ္။ Bobby Soxer က သူမရဲ့ ရင္ဘတ္အေပၚမွာ အသည္းပုံတက္တူးေသးေသးေလးထိုးခဲ့တဲ့ ပုံရိပ္ေတြကို သူမရဲ့ ပရိသတ္ေတြဆီ အင္စတာဂရမ္စာမ်က္ႏွာကေနတဆင့္ ျပသလာခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။ Bobby Soxer ကေတာ့ သူမဘဝရဲ့ ပထမဦးဆုံးတက္တူးကို အသက္ (၂၉) ႏွစ္အရြယ္ေရာက္မွ ထိုးျဖစ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီေခတ္လူငယ္နီးပါးတိုင္းမွာ တက္တူးတစ္ခုစီ အနည္းဆုံးရွိတာမို႔ ပရိသတ္ႀကီးကလည္း Bobby Soxer ကို ခ်စ္တဲ့မ်က္စိေလးနဲ႔ ၾကည့္ေပးၾကပါလို႔ ေတာင္းဆို ပါရေစေနာ္။

Source: Bobby Soxer’s fb
Credit;

သူမရဲ့ဘဝမှာ ပထမဦးဆုံးထိုးခဲ့တဲ့ တက်တူးလေးကို ပရိသတ်ကြီးအားပြသလာတဲ့ အဆိုတော် Bobby Soxer

Hip Hop လောကတစ်ခုမှာ ပရိတ်သတ်တွေ အားပေးချစ်ခင်မှု အပြည့်နဲ့ နာမည်ကြီးပြီး နေရာရခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ယခုအချိန်ထိ အောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်ထား သူတွေပဲ ဖြစ်ပါတယ်။ အဆိုတော် လွှမ်းပိုင်ကတော့ သီချင်းတွေ သီဆိုတဲ့အပြင် သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာခဲ့ကာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ပရိတ်သတ် အားပေးရတဲ့ နေရာတစ်ခုမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

အဆိုတော် Bobby Soxer ကတော့ သူမနှစ်သက်တဲ့ သီချင်းတွေကိုပဲ သီဆိုနေကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားသူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်ကိုတော့ သူမကိုယ်တိုင်ကလည်း စိတ်မဝင်စားတာကြောင့် မလုပ်ဖြစ်တာဖြစ်ပြီး သူမချစ်ရတဲ့ လွမ်းပိုင်ကိုတော့ အမြဲတမ်း အနောက်ကနေ Support ပေးနေပါတယ်လို့ ပြောပြခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ ၁ဝနှစ်နီးပါး ရှိသွားခဲ့ပြီဖြစ်ပြီး ယခုအချိန်ထိ တစ်ယောက်အပေါ် တစ်ယောက် နားလည်ကာ ချစ်ကြသူတွေမို့ ပရိတ်သတ်တွေက အားကျနေရတာပဲ ဖြစ်ပါတယ်။

ခေတ်လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာနေထိုင် တတ်တဲ့ Bobby Soxer ဟာ သူမရဲ့ လူငယ်ဘဝမှာ တက်တူးတစ်ခုကိုလည်း ထိုးခဲ့ပြီပဲဖြစ်ပါတယ်။ Bobby Soxer က သူမရဲ့ ရင်ဘတ်အပေါ်မှာ အသည်းပုံတက်တူးသေးသေးလေးထိုးခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ ပရိသတ်တွေဆီ အင်စတာဂရမ်စာမျက်နှာကနေတဆင့် ပြသလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ Bobby Soxer ကတော့ သူမဘဝရဲ့ ပထမဦးဆုံးတက်တူးကို အသက် (၂၉) နှစ်အရွယ်ရောက်မှ ထိုးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီခေတ်လူငယ်နီးပါးတိုင်းမှာ တက်တူးတစ်ခုစီ အနည်းဆုံးရှိတာမို့ ပရိသတ်ကြီးကလည်း Bobby Soxer ကို ချစ်တဲ့မျက်စိလေးနဲ့ ကြည့်ပေးကြပါလို့ တောင်းဆို ပါရစေနော်။

Source: Bobby Soxer’s fb
Credit;