Cele Second 22

Posted on

ထိုင္းႏိုင္ငံဘန္ေကာက္ေလဆိပ္မွာ ထိမ္းသိမ္းျခင္းခံထားရေၾကာင္း သိရွိထားရတဲ့ အလွမယ္ဟန္ေလးရဲ႕ သတင္းအျပည့္အစံု

အလွမယ္ဟန္ေလးကို အင္တာပိုစာရင္းမွာ ပါေနတယ္ဆိုကာ ထိုင္းနိုင္ငံဘန္ေကာက္ေလဆိပ္မွာ ထိန္းသိမ္းခံေန ရတယ္လို႔ ကာယကံရွင္က ဒီဗြီဘီကိုေျပာပါတယ္။ဗီဇာကိစၥနဲ႔ဗီယက္နမ္ကိုသြားၿပီးစက္တင္ဘာ၂၁ရက္ေန႔ညကထိုင္းေလဆိပ္ျပန္အဝင္မွာ ထိုင္းရဲေတြကအင္တာပို စာရင္းမွာပါတယ္ဆိုကာအလွမယ္ဟန္ေလးကိုဖမ္းဆီးထိန္းသိမ္းခဲ့တာလို႔ဆိုပါတယ္။

အလွမယ္ဟန္ေလးက”မေန႔ညကေလဆိပ္လူဝင္မႈႀကီးၾကပ္ေရးအခ်ဳပ္မွာညအိပ္ခဲ့ရတယ္။ဒီေန႔မနက္မွာဗီယက္နမ္ကိုျပန္ပို႔ဖို႔လုပ္ေပမယ့္ညီမကUNHCRကိုဆက္သြယ္ထားတယ္။UNHCRကေလယာဥ္ေပၚမတက္ဖို႔နဲ႔ဗီယက္နမ္ျပန္သြားရင္ျမန္မာဘက္ကိုျပန္ပို႔လိမ့္မယ္လို႔ေျပာတယ္။”လို႔ေျပာပါတယ္။ ဟန္ေလးရဲ့ပတ္စ္ပို႔ကေပ်ာက္ဆုံးစာရင္းမွာပါၿပီးျမန္မာျပည္ထဲမွာျပစ္မႈက်ဴးလြန္ခဲ့တာေၾကာင့္ထိန္းသိမ္းထားေပးဖို႔ ျမန္မာရဲကဗီယက္နမ္ဘက္ကို သတင္းပို႔တယ္လို႔ၾကားတယ္လို႔သူကေျပာပါတယ္။ဒီကေန႔မနက္မွာေတာ့ေလယာဥ္ေပၚတက္ဖို႔ျငင္းဆန္ခဲ့တာေၾကာင့္ေလဆိပ္ထြက္ခြာရာေနရာမွာအေစာင့္နဲ႔ေနေနရတယ္လို႔ဆိုပါတယ္။

UNHCRဘက္က ထိုင္းအစိုးရကို သတင္းပို႔ထားတယ္ေျပာေပမယ့္ တိက်တဲ့အေျဖမသိရေသးတာေၾကာင့္ စိုးရိမ္ေနရတယ္လို႔လည္း သူကေျပာပါတယ္။ “ညီမဆိုရင္ျမန္မာနိုင္ငံမွာဘာျပစ္မႈမွမက်ဴးလြန္ခဲ့ဘူး။ညီမရဲ့အခြင့္အေရးကိုသုံးၿပီးမႀကိဳက္ဘူးဆိုတာေျပာခဲ့တယ္။ညီမနိုင္ငံျခားေရာက္ေနတာေတာင္အဆင္မေျပဘူး။ျမန္မာနိုင္ငံကလူေတြအတြက္ပိုၿပီးခံစားမိပါတယ္။” အလွမယ္ဟန္ေလးဟာ ၂၀၂၁မတ္လ၇ရက္ေန႔ကထိုင္းနိုင္ငံမွာျပဳလုပ္တဲ့ MissGrandInternational 2020ၿပိဳင္ပြဲမွာျမန္မာနိုင္ငံကိုယ္စားဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့စဥ္ျမန္မာနိုင္ငံကအေျခအေနေတြကိုရွင္းျပခဲ့ၿပီးနိုင္ငံတကာကိုအကူအညီေပးဖို႔ေျပာခဲ့တာေၾကာင့္ နိုင္ငံတကာမီဒီယာေတြရဲ့ အာ႐ုံစိုက္မႈကို ရခဲ့ၿပီးစကစ ကေတာ့ သူ႔ကိုနိုင္ငံေတာ္ပုန္ကုန္မႈ၁၂၄/၁နဲ႔အမႈဖြင့္ထားပါတယ္။

Credit;

ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်မှာ ထိမ်းသိမ်းခြင်းခံထားရကြောင်း သိရှိထားရတဲ့ အလှမယ်ဟန်လေးရဲ့ သတင်းအပြည့်အစုံ

အလှမယ်ဟန်လေးကို အင်တာပိုစာရင်းမှာ ပါနေတယ်ဆိုကာ ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်မှာ ထိန်းသိမ်းခံနေ ရတယ်လို့ ကာယကံရှင်က ဒီဗွီဘီကိုပြောပါတယ်။ဗီဇာကိစ္စနဲ့ဗီယက်နမ်ကိုသွားပြီးစက်တင်ဘာ၂၁ရက်နေ့ညကထိုင်းလေဆိပ်ပြန်အဝင်မှာ ထိုင်းရဲတွေကအင်တာပို စာရင်းမှာပါတယ်ဆိုကာအလှမယ်ဟန်လေးကိုဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ဆိုပါတယ်။

အလှမယ်ဟန်လေးက”မနေ့ညကလေဆိပ်လူဝင်မှုကြီးကြပ်ရေးအချုပ်မှာညအိပ်ခဲ့ရတယ်။ဒီနေ့မနက်မှာဗီယက်နမ်ကိုပြန်ပို့ဖို့လုပ်ပေမယ့်ညီမကUNHCRကိုဆက်သွယ်ထားတယ်။UNHCRကလေယာဉ်ပေါ်မတက်ဖို့နဲ့ဗီယက်နမ်ပြန်သွားရင်မြန်မာဘက်ကိုပြန်ပို့လိမ့်မယ်လို့ပြောတယ်။”လို့ပြောပါတယ်။ ဟန်လေးရဲ့ပတ်စ်ပို့ကပျောက်ဆုံးစာရင်းမှာပါပြီးမြန်မာပြည်ထဲမှာပြစ်မှုကျူးလွန်ခဲ့တာကြောင့်ထိန်းသိမ်းထားပေးဖို့ မြန်မာရဲကဗီယက်နမ်ဘက်ကို သတင်းပို့တယ်လို့ကြားတယ်လို့သူကပြောပါတယ်။ဒီကနေ့မနက်မှာတော့လေယာဉ်ပေါ်တက်ဖို့ငြင်းဆန်ခဲ့တာကြောင့်လေဆိပ်ထွက်ခွာရာနေရာမှာအစောင့်နဲ့နေနေရတယ်လို့ဆိုပါတယ်။

UNHCRဘက်က ထိုင်းအစိုးရကို သတင်းပို့ထားတယ်ပြောပေမယ့် တိကျတဲ့အဖြေမသိရသေးတာကြောင့် စိုးရိမ်နေရတယ်လို့လည်း သူကပြောပါတယ်။ “ညီမဆိုရင်မြန်မာနိုင်ငံမှာဘာပြစ်မှုမှမကျူးလွန်ခဲ့ဘူး။ညီမရဲ့အခွင့်အရေးကိုသုံးပြီးမကြိုက်ဘူးဆိုတာပြောခဲ့တယ်။ညီမနိုင်ငံခြားရောက်နေတာတောင်အဆင်မပြေဘူး။မြန်မာနိုင်ငံကလူတွေအတွက်ပိုပြီးခံစားမိပါတယ်။” အလှမယ်ဟန်လေးဟာ ၂၀၂၁မတ်လရရက်နေ့ကထိုင်းနိုင်ငံမှာပြုလုပ်တဲ့ MissGrandInternational 2020ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်မြန်မာနိုင်ငံကအခြေအနေတွေကိုရှင်းပြခဲ့ပြီးနိုင်ငံတကာကိုအကူအညီပေးဖို့ပြောခဲ့တာကြောင့် နိုင်ငံတကာမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရခဲ့ပြီးစကစ ကတော့ သူ့ကိုနိုင်ငံတော်ပုန်ကုန်မှု၁၂၄/၁နဲ့အမှုဖွင့်ထားပါတယ်။

Credit;