
Posted on






Credit

ကမ္ဘာကျော်မိတ်ကပ်ပညာရှင် Jeffree Starပိုင်ဆိုင်တဲ့ အမိုက်စားဇိမ်ခံအိမ်ကြီးကို $16.7 millionနဲ့ ဝယ်ယူလိုက်တဲ့ စမိုင်းလ်တို့မိသားစု

ပရိသတ်ကြီးရေ သရုပ်ဆောင်စမိုင်းလ် ကတော့ အနုပညာနယ်ပယ် မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။လက်ရှိ မှာတော့ သရုပ်ဆောင်စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ ့အတူ စီးပွားရေးကိုဘဲ တိုးချဲ့လုပ်ကိုင်နေပြီး စမိုင်းလ် mini mart တွေအပြင် မေမြို့မှာလည်း ဟိုတယ်ကြီးတွေ ဖွင့်ထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်စမိုင်းလ်က မိသားစုနဲ့အတူ နိုင်ငံခြားမှာ အခြေချနေထိုင်နေတာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ စမိုင်းလ်တို့ဇနီးမောင်နှံဟာ အမေရိကန်မိတ်ကပ် ပညာရှင်၊ YouTuber၊ Jeffree Star Cosmetic ပိုင်ရှင် Jeffree Star ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှာရှိတဲ့ ဇိမ်ခံအိမ်ကြီးကို $16.7 million နဲ့ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံဝယ်ယူခဲ့တဲ့အိမ်ကြီးဟာ 19,549 square feet ရှိပြီး အိပ်ခန်း (၇) ခန်းနဲ့ ရေချိုးခန်း (၁၃) ခန်းတိတိပါဝင်တဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်ကြီးပဲဖြစ်ပါတယ်။

စမိုင်းလ်တို့မိသားစု ကတော့ သူတို့မိသားစုပိုင် စီးပွားရေးတွေကို ရေရေရာရာချပြ ထားခြင်းမရှိပဲ အခုလို မြန်မာငွေကျပ်သန်းသုံးသောင်းခြောက်ထောင်တန် အိမ်ကြီးကို ဝယ်နိုင်တာ အံ့သြစရာပါပဲ။ စမိုင်းလ်တို့ရဲ့ ဘဝကတော့ တကယ့်ကိုစိတ်ဝင်စားစရာပါပဲနော်။ ပိုက်ဆံရှိတဲ့တော်ရုံလူတွေတောင်နေဖို့မလွယ်တဲ့နေရာကြီးမှာနေထိုင်နိုင်တာလုံးဝ အိမ်မက်အတိုင်းပါပဲနော်။

Source: jeffree star’s fb

Credit