
Posted on





Credit

တစ်ချိန်က မင်းသမီးထက်ထက်မိုးဦးနဲ့တွဲရိုက်ထားတဲ့ ပုံတွေကိုပရိသတ်ကြီးအား အလွမ်းပြေပြန်လည်ချပြလာတဲ့ ရဝေအောင်

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက သီချင်းVCDတွေနဲ့ ပြက္ခဒိန်တွေ အမြဲမပြတ်တွေ့ရလေ့ ရှိတဲ့ မင်းသားတစ်လက် ကတော့ ရဝေအောင် ပါပဲနော်။ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ပြီး ချော မောခံ့ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေ အသည်းစွဲမင်းသားတစ်လက် ဖြစ်ခဲ့တာပါ။

လက်ရှိမှာတော့အနုပညာ အလုပ်တွေကို ရပ်နားထားခဲ့တာအချိန်အတော်ကြာရှိခဲ့ပါပြီနော်။မိဘတွေရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားကာစီးပွားရေးဘက်ကိုပဲ အလေးထား လုပ်ကိုင်နေတဲ့ မင်းသားချောရဝေအောင် ကတော့ အခုချိန်ထိတစ်ကိုယ်တည်း Singleပါပဲ ပရိသတ်ကြီးရေ ။

ဒီနေ့မှာတော့ မင်းသားချော ရဝေအောင်က တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့တဲ့ မထက်နဲ့ လိုက်ဖက်ညီနေတဲ့ စုံတွဲပုံလေးတွေ ချပြလာတာလည်းဖြစ်ပါတယ်။ခုချိန်ထိမပြောင်းလည်းပဲချောမြဲချော ဆဲဖြစ်တဲ့ ကိုကြာနုကြီးရဝေအောင်နဲ့ တစ်ချိန်ကကြော်ငြာ ဘုရင်မတစ်ပါးဖြစ်ခဲ့တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတို့ရဲ့လိုက်ဖက်ညီလှတဲ့စုံတွဲပုံရိပ်လေးကို ပရိတ်သတ်ကြီးအတွက် တစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။

Credit