သူမကို သမီးအရင္းတစ္ေယာက္လိုခ်စ္တဲ့ ေယာကၡမႀကီးက ေနာက္ဆံုးေပၚအမိုက္စားပစၥည္းႀကီးတစ္ခုလက္ေဆာင္ေပးခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မဆံုးျဖစ္ေနတဲ့ ခင္လႊမ္း

Posted on

သူမကို သမီးအရင္းတစ္ေယာက္လိုခ်စ္တဲ့ ေယာကၡမႀကီးက ေနာက္ဆံုးေပၚအမိုက္စားပစၥည္းႀကီးတစ္ခုလက္ေဆာင္ေပးခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မဆံုးျဖစ္ေနတဲ့ ခင္လႊမ္း

ပရိသတ္ႀကီးေရ စည္ၿဖိဳးလို႔ေျပာ လိုက္တာနဲ႔ ေမာ္ဒယ္လ္ ခင္လႊမ္းကို တြဲျမင္ၾကမယ္ ထင္ပါတယ္။မႏွစ္က နိုဝင္ဘာလမွာ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို႔ရဲ့ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ ႏွင့္ မဂၤလာဦး ဆြမ္းေကၽြး အလႉကို က်င္းပခဲ့တာျဖစ္ၿပီး အႏုပညာေမာင္ႏွမေတြတက္ေရာက္ခဲ့ၾကတာပါ။

လက္ရွိမွာေတာ့ သမီးေလးကို ေမြးဖြားၿပီး ေပ်ာ္ရႊင္သာယာတဲ့ မိသားစုဘဝေလးကို ရရွိေနၿပီပဲ ျဖစ္ပါတယ္။သမီးေလး ရရွိခဲ့ေပမယ့္လည္းခင္ပြန္းသည္က အခုခ်ိန္ထိသည္းသည္းလႈပ္ဂ႐ုစိုက္ေပးျခင္းခံရတဲ့ သူေလးျဖစ္တဲ့အျပင္ ေယာကၡ​မေတြဆီကလည္းသည္းသည္းလႈပ္အခ်စ္ခံရ​သူေလးပါ။

ဒီေန႔မွာလည္း”သမီးေလးကို သုံးေစခ်င္လြန္းလို႔ ေနာက္ဆုံးေပၚကို ဝယ္ေပးတာတဲ့ 😍 . ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေမႀကီးေရ 🙏. ေကာင္းေကာင္းတန္ဖိုးထာၿပီး သုံးပါ့မယ္ရွင့္ 🥰🙏🥰 ကိုယ့္ကို သမီးအရင္းႏွင့္မျခား ေႏြးေထြးၾကင္နာစြာနဲ႔ ေမတၱာအျပည့္ထား ဆက္ဆံေစာင့္ေရွာက္ေပးတဲ့ အတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ 🙏 အရမ္းခ်စ္တယ္ 😘😘😘”ဆိုတဲ့စာေလးနဲ႔သူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပလာခဲ့တာပါ။ အိမ္ေထာင္ေရးကံေကာင္းတဲ့အျပင္ အိမ္ေထာင္ရွင္မိန္းမသားတိုင္းလိုခ်င္တဲ့ေယာကၡမကိုပိုင္ဆိုင္ထားရသူေလးပါပဲေနာ္ပရိသတ္ႀကီးေရ။

Credit – CeleGabar
Source-KhinHlwam

သူမကို သမီးအရင်းတစ်ယောက်လိုချစ်တဲ့ ယောက္ခမကြီးက နောက်ဆုံးပေါ်အမိုက်စားပစ္စည်းကြီးတစ်ခုလက်ဆောင်ပေးခဲ့တာကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ခင်လွှမ်း

ပရိသတ်ကြီးရေ စည်ဖြိုးလို့ပြော လိုက်တာနဲ့ မော်ဒယ်လ် ခင်လွှမ်းကို တွဲမြင်ကြမယ် ထင်ပါတယ်။မနှစ်က နိုဝင်ဘာလမှာ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ နှင့် မင်္ဂလာဦး ဆွမ်းကျွေး အလှူကို ကျင်းပခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတွေတက်ရောက်ခဲ့ကြတာပါ။

လက်ရှိမှာတော့ သမီးလေးကို မွေးဖွားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ရရှိနေပြီပဲ ဖြစ်ပါတယ်။သမီးလေး ရရှိခဲ့ပေမယ့်လည်းခင်ပွန်းသည်က အခုချိန်ထိသည်းသည်းလှုပ်ဂရုစိုက်ပေးခြင်းခံရတဲ့ သူလေးဖြစ်တဲ့အပြင် ယောက္ခ​မတွေဆီကလည်းသည်းသည်းလှုပ်အချစ်ခံရ​သူလေးပါ။

ဒီနေ့မှာလည်း”သမီးလေးကို သုံးစေချင်လွန်းလို့ နောက်ဆုံးပေါ်ကို ဝယ်ပေးတာတဲ့ 😍 . ကျေးဇူးအများကြီးတင်ပါတယ်မေကြီးရေ 🙏. ကောင်းကောင်းတန်ဖိုးထာပြီး သုံးပါ့မယ်ရှင့် 🥰🙏🥰 ကိုယ့်ကို သမီးအရင်းနှင့်မခြား နွေးထွေးကြင်နာစွာနဲ့ မေတ္တာအပြည့်ထား ဆက်ဆံစောင့်ရှောက်ပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် 🙏 အရမ်းချစ်တယ် 😘😘😘”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလာခဲ့တာပါ။ အိမ်ထောင်ရေးကံကောင်းတဲ့အပြင် အိမ်ထောင်ရှင်မိန်းမသားတိုင်းလိုချင်တဲ့ယောက္ခမကိုပိုင်ဆိုင်ထားရသူလေးပါပဲနော်ပရိသတ်ကြီးရေ။

Credit – CeleGabar
Source-KhinHlwam