Posted on
Credit;Cele Thadin
နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ သူမတို့မိသားစုအပန်းဖြေရမယ့် နေရာလေးကို ထုတ်ပြလာတဲ့ ဇင်သဲနိုင်ရဲ့ပုံရိပ်များ
ဇင်သဲနိုင်ဆိုတာနဲ့တစ်ချိန်က ပရိသတ်တွေအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ပိုင်ဇေရဲထွန်းရဲ့ဇနီးလေး လည်းဖြစ်ပြီး သူတို့မိသားစုကိုကြည့်ပြီးအားကျခဲ့ရတာပါ။ အောင်မြင်မှုတွေ ရပြီးမကြာမီမှာပဲမိသားစုကိစ္စတွေကြောင့်ဝေဖန်မှုတွေများကာပရိသတ်အားပေးမှုကျဆင်းခဲ့တာပါ။
ဒါပေမယ့်လည်းသူမဟာမိသားစုပုံရိပ်လေးတွေကို လူမှုကွန်ရက်ကနေတင်ပေးလေ့အမြဲရှိပါတယ်။ လူမှုကွန်ရက် မှာလည်း Live လေးတွေလွှင့်စျေးရောင်းနေတာဖြစ်ပြီး သူ့ရဲ့ပြောဆိုမှုတစ်ချို့ကြောင့်ထပ်ပြီးဝေဖန်မှုတွေကြုံခဲ့တာပါ။ ဒါပေမယ့်လည်း ဝေဖန်မှုတွေကိုဂရုမစိုက်ပဲလုပ်စရာရှိတာတွေလုပ်နေတာပါ။
သူမတို့မိသားစုလေးဟာ ကလေးလေးတွေနဲ့ တစ်ချိန်ကပျော်ရွှင်ကြည်နူးဖို့ကောင်းတာပါ။ ခုထိတိုင်ဝေဖန်မှုတွေကြုံရပေမယ့် မိသားစုကိုပျော်ရွှင်အောင်တည်ဆောက်ထားတာပါ။ ခုမှာလည်း မကြာမီကျရောက်မယ့်နှစ်ကူးအတွက် သူမဟာကလေးတွေအတွက်ခြံထဲမှာရေကစားလို့ရအောင် ကန်ဆောက်ပေးခဲ့တာပါ။ လူကြီးတွေပါဆော့ကစားလို့ရတဲ့အထိကြီးမားတဲ့သူတို့အိမ်ရဲ့နှစ်ကူးမယ့် ပုံရိပ်လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။
Credit;Cele Thadin