တစ္ခ်ိန္က ႏႈတ္ခမ္းနီမေလးေတြရဲ႕ပါးစပ္ဖ်ားမွာေရပန္းစားခဲ့ၿပီး လူငယ္ပရိသတ္ေတြရဲ႕တစ္ခဲနက္အားေပးမႈကို ရရွိခဲ့တဲ့ မင္းသားေခ်ာမ်ား
လြန္ခဲ့တဲ့ အႏွစ္ ၂၀ ပတ္ဝန္းက်င္ကာလတုန္းက ကာရာအိုေကသီခ်င္း VCD ေတြမွာ အျမဲတမ္းလိုလို ပါဝင္သ႐ုပ္ေဆာင္ ခဲ့ၾကတဲ့ မိန္းကေလးေတြရဲ့အသည္းစြဲ သ႐ုပ္ေဆာင္ေတြရွိၾကပါတယ္။ အဲဒီအခ်ိန္တုန္း ကေတာ့ သူတို႔ေတြဟာ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြၾကား ထဲမွာ နာမည္ႀကီးခဲ့ၾကသူေတြျဖစ္ေပမယ့္လည္း ဒီေန႔အခ်ိန္မွာ ပရိသတ္ေတြရဲ့ ျမင္ကြင္းကေန ေပ်ာက္ကြယ္ေနၾကၿပီး တခ်ိဳ႕ေတြကေတာ့ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္လၽွက္ရွိၾကဆဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက ပရိသတ္ေတြရဲ့ အသည္းစြဲမင္းသားေတြျဖစ္ခဲ့ၾကတဲ့သူတို႔ေတြ အခုဆိုရင္ ဘယ္လိုေတြမ်ားေျပာင္းလဲသြားၾကသလဲ။
ညီညီေနနိုင္
ညီညီေနနိုင္ ကေတာ့ ဗီစီဒီ သီခ်င္းေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး မိန္းကေလးတိုင္းရဲ့ စိတ္ကူးထဲက ကိုကိုလို႔ေတာင္ တင္စားလို႔ရပါတယ္။ ညီညီေနနိုင္ကေတာ့ အခုဆိုရင္ အႏုပညာလုပ္ငန္းေတြကို မလုပ္ကိုင္ေတာ့ေပမယ့္ အရင္ကအတိုင္း မေျပာင္းလဲပဲရွိေနဆဲ ျဖစ္ပါတယ္။
မိုင္းမိုင္
“မေမးပါနဲ႔” သီခ်င္း MV ေလးမွာ သက္မြန္ျမင့္နဲ႔အတူတူ တြဲဖက္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြသေဘာက်ခဲ့ရတဲ့ မိုင္းမိုင္း ကေတာ့ လူႀကီး၊ လူငယ္မေရြး ႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ မိုင္းမိုင္းက အခုဆိုရင္ အႏုပညာလုပ္ငန္းေတြကို လုံးဝမလုပ္ကိုင္ေတာ့ဘဲ ကိုယ္ပိုင္မိသားစုဘဝေလးနဲ႔ ရိုးရွင္းစြာ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။
ဟက္ကက္
ဆံပင္အလည္ခြဲေလးနဲ႔ မိန္းကေလးတိုင္းရဲ့ အသည္းေက်ာ္ျဖစ္ခဲ့တဲ့ ဟက္ကက္ကေတာ့ ႐ုပ္ေခ်ာသလို သီခ်င္းဆိုတာလဲ ေကာင္းမြန္သူတစ္ဦးပါပဲ။ ဟက္ကက္ ကေတာ့ အခုအခ်ိန္ထိ အိမ္ေထာင္မျပဳေသးပဲ အႏုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ေနလ်က္ရွိပါေသးတယ္။
ညီညီတာ
အျပဳံးခ်ိဳခ်ိဳေလးနဲ႔ မိန္းကေလးေတြရဲ့ အသည္းကို ဖမ္းစားထားနိုင္တဲ့ မင္းသားေခ်ာ ညီညီတာ ကေတာ့ လက္ရွိမွာ မိသားစုေတြနဲ႔ ေအးခ်မ္းစြာ ေနထိုင္ေနလ်က္ရွိပါတယ္။ ညီညီတာကေတာ့ ငယ္ငယ္က အတိုင္း ဘာမွေတာင္ မေျပာင္းလဲသြားပဲ အရြယ္တင္ႏုပ်ိဳေနတာကို ေတြ႕ရပါတယ္။
ရေဝေအာင္
ညင္သာႏူးညံ့တဲ့ မ်က္လုံးေတြရဲ့ပိုင္ရွင္ ရေဝေအာင္ ဆိုတာကလည္း မိန္းကေလးတိုင္းရဲ့ အိပ္မက္ထဲက ကိုကို ျဖစ္ခဲ့ဖူးသူတစ္ေယာက္ပါပဲ။ ရေဝေအာင္ ဟာ အခုခ်ိန္ထိ အိမ္ေထာင္မျပဳေသးပဲ လူပ်ိဳႀကီးအျဖစ္ တစ္ေယာက္တည္း ေအးခ်မ္းစြာ ေနထိုင္လ်က္ရွိပါတယ္။
စိုင္းဘိုဘို
မွဲ႕ေလးနဲ႔ မိန္းကေလးေတြကို ဖမ္းစားနိုင္သူ စိုင္းဘိုဘိုကလည္း တစ္ေခတ္တစ္ခါက ဗီစီဒီေလာကမွာ နာမည္ႀကီးတစ္ေယာက္ျဖစ္ခဲ့ဖူးသူပါ။ စိုင္းဘိုဘိုက လက္ရွိမွာေတာ့ သားသမီးေတြနဲ႔အတူတူ ေပ်ာ္ရႊင္စြာ ေနထိုင္ၿပီး အႏုပညာလုပ္ငန္းေတြ ဆက္လက္လုပ္ကိုင္ျခင္း မရွိေတာ့ပါ။
ရီေဝယံ
အျပဳံးခ်ိဳခ်ိဳေလးနဲ႔ မင္းသားေခ်ာ ရီေဝယံ ကလည္း ႐ုပ္ရွင္ဗီဒီယိုဇာတ္ကားေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ရီေဝယံ ကလည္း အႏုပညာေလာကကေန ေပ်ာက္ကြယ္ေနလ်က္ရွိၿပီး ပရိသတ္ေတြ သတိတရရွိေနဆဲ မင္းသားတစ္လက္ ျဖစ္ပါတယ္။
မင္းထက္ေက်ာ္ဇင္
မင္းသားေခ်ာ မင္းထက္ေက်ာ္ဇင္ကလည္း ႐ုပ္ရွင္ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာ သ႐ုပ္ေဆာင္ခဲ့ရင္း ေအာင္ျမင္မႈ ရရွိခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မင္းထက္ေက်ာ္ဇင္က မိသားစုနဲ႔အတူတူ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကို လုပ္ကိုင္ေနလ်က္ရွိပါတယ္။ပရိသတ္ႀကီးေရာ ဒီမင္းသားေတြထဲက ဘယ္သူ႔ကို အသည္းစြဲျဖစ္ခဲ့လဲဆိုတာ ေျပာခဲ့ၾကဦးေနာ္။
Credit:Cele Only
တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ မင်းသားချောများ
လွန်ခဲ့တဲ့ အနှစ် ၂၀ ပတ်ဝန်းကျင်ကာလတုန်းက ကာရာအိုကေသီချင်း VCD တွေမှာ အမြဲတမ်းလိုလို ပါဝင်သရုပ်ဆောင် ခဲ့ကြတဲ့ မိန်းကလေးတွေရဲ့အသည်းစွဲ သရုပ်ဆောင်တွေရှိကြပါတယ်။ အဲဒီအချိန်တုန်း ကတော့ သူတို့တွေဟာ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေကြား ထဲမှာ နာမည်ကြီးခဲ့ကြသူတွေဖြစ်ပေမယ့်လည်း ဒီနေ့အချိန်မှာ ပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေကြပြီး တချို့တွေကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျှက်ရှိကြဆဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတွေဖြစ်ခဲ့ကြတဲ့သူတို့တွေ အခုဆိုရင် ဘယ်လိုတွေများပြောင်းလဲသွားကြသလဲ။
ညီညီနေနိုင်
ညီညီနေနိုင် ကတော့ ဗီစီဒီ သီချင်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲက ကိုကိုလို့တောင် တင်စားလို့ရပါတယ်။ ညီညီနေနိုင်ကတော့ အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲရှိနေဆဲ ဖြစ်ပါတယ်။
မိုင်းမိုင်
“မမေးပါနဲ့” သီချင်း MV လေးမှာ သက်မွန်မြင့်နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ရင်း ပရိသတ်တွေသဘောကျခဲ့ရတဲ့ မိုင်းမိုင်း ကတော့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ မိုင်းမိုင်းက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို လုံးဝမလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ရိုးရှင်းစွာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။
ဟက်ကက်
ဆံပင်အလည်ခွဲလေးနဲ့ မိန်းကလေးတိုင်းရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ ဟက်ကက်ကတော့ ရုပ်ချောသလို သီချင်းဆိုတာလဲ ကောင်းမွန်သူတစ်ဦးပါပဲ။ ဟက်ကက် ကတော့ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါသေးတယ်။
ညီညီတာ
အပြုံးချိုချိုလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ မင်းသားချော ညီညီတာ ကတော့ လက်ရှိမှာ မိသားစုတွေနဲ့ အေးချမ်းစွာ နေထိုင်နေလျက်ရှိပါတယ်။ ညီညီတာကတော့ ငယ်ငယ်က အတိုင်း ဘာမှတောင် မပြောင်းလဲသွားပဲ အရွယ်တင်နုပျိုနေတာကို တွေ့ရပါတယ်။
ရဝေအောင်
ညင်သာနူးညံ့တဲ့ မျက်လုံးတွေရဲ့ပိုင်ရှင် ရဝေအောင် ဆိုတာကလည်း မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက ကိုကို ဖြစ်ခဲ့ဖူးသူတစ်ယောက်ပါပဲ။ ရဝေအောင် ဟာ အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုကြီးအဖြစ် တစ်ယောက်တည်း အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။
စိုင်းဘိုဘို
မှဲ့လေးနဲ့ မိန်းကလေးတွေကို ဖမ်းစားနိုင်သူ စိုင်းဘိုဘိုကလည်း တစ်ခေတ်တစ်ခါက ဗီစီဒီလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ဖူးသူပါ။ စိုင်းဘိုဘိုက လက်ရှိမှာတော့ သားသမီးတွေနဲ့အတူတူ ပျော်ရွှင်စွာ နေထိုင်ပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပါ။
ရီဝေယံ
အပြုံးချိုချိုလေးနဲ့ မင်းသားချော ရီဝေယံ ကလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရီဝေယံ ကလည်း အနုပညာလောကကနေ ပျောက်ကွယ်နေလျက်ရှိပြီး ပရိသတ်တွေ သတိတရရှိနေဆဲ မင်းသားတစ်လက် ဖြစ်ပါတယ်။
မင်းထက်ကျော်ဇင်
မင်းသားချော မင်းထက်ကျော်ဇင်ကလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင်ခဲ့ရင်း အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းထက်ကျော်ဇင်က မိသားစုနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေလျက်ရှိပါတယ်။ပရိသတ်ကြီးရော ဒီမင်းသားတွေထဲက ဘယ်သူ့ကို အသည်းစွဲဖြစ်ခဲ့လဲဆိုတာ ပြောခဲ့ကြဦးနော်။
Credit:Cele Only