မိခင္ကိုဆံုးရႈံးရေတာ့မဲ့ေန႕ေလးမွာ သူမျဖစ္ခ်င္တဲ့ဆႏၵေလးကို မိခင္အားတဖြဖြေျပာခဲ့တယ္ဆိုတဲ့ ေမပန္းခ်ီ
သ႐ုပ္ေဆာင္၊ မင္းသမီး ေမပန္းခ်ီ ကေတာ့ ပြင့္လင္းၿပီး စကားေျပာျပတ္သားသူ တစ္ေယာက္ အျဖစ္ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးသူ တစ္ေယာက္ပါ။ လတ္တေလာမွာေတာ့ အလုပ္ေတြလုပ္ရင္း သြားေလသူေမေမ့အတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြ အျမဲမျပတ္ျပဳလုပ္ေနတဲ့ ေမပန္းခ်ီဟာ မေန႔က မတ္လ (၄) ရက္ေန႔မွာလည္း ေမေမ့ကို သတိရတဲ့အေၾကာင္းေတြကို ရင္ဖြင့္လာတာကို ေတြ႕ရပါတယ္။
ေမပန္းခ်ီက “ဒီေန႔ဟာ ေမေမ့ရဲ့ (၇)လျပည့္ေလးေပါ့ေမေမေရး။ အခုထိ မေန႔တစ္ေန႔တုန္းကလိုပါပဲ။ အေမ့စိတ္နဲ႔အိပ္လို႔ အိမ္မက္ထဲမွာအေမနဲ႔မေတြ႕ရတဲ့ေန႔မရွိခဲ့ဘူး။ အျမဲတမ္းလိုလို အေမ့ကို ရင္ခြင္ထဲေပြ႕ၿပီး ခေလးေလးတစ္ေယာက္လို ပိုက္ထားတာ အျမဲမက္တယ္😔😔😔 ေမေမ့ ကိုဆုံး႐ူံးရေတာ့မဲ့ေန႔ေလးက ေမေမေရး သမီးသာအိမ္ေထာင္က်ခဲ့ရင္သမီးခေလးေလး အျဖစ္ျပန္ဝင္းစားလွည့္ပါ။ ဒီထပ္ေကာင္းမြန္ေအာင္ထား ပါ့မယ္။ အေမ့အတြက္ အိမ္ေလးမွာေကာင္းေကာင္းထားပါ့မယ္။ မိခင္တစ္ေယာက္ကိုဆုံး႐ူံးရမဲ့အခ်ိန္ဂေယာင္ဂတမ္းေတြ ပါစပ္ကတဖြဖြေျပာခဲ့တာ။ ဒီအိမ္မက္ႀကီးကအျမဲတမ္းလိုလိုမက္လို႔ သမီးအလြတ္ရေနခဲ့တယ္😔😔😔 ေမေမဟာ သမီးရင္ခြင္ထဲမွာ အျမဲေပြ႕လၽွက္သားေလးပါပဲ 😢😢😢 ဒါ႐ူးသြပ္မူ႔တစ္ခုလားေတာ့ သမီးကိုယ္တိုင္နားမလည္ေတာ့ဘူး” ဆိုၿပီး ရင္ဖြင့္လာပါတယ္။
ေမပန္းခ်ီကေတာ့ သူမမိခင္ႀကီးကို ဆုံးရႈံးလိုက္ရၿပီးေနာက္ပိုင္း မိခင္စိတ္နဲ႔ အျမဲတမ္း ဝမ္းနည္းေၾကကြဲေနရသူတစ္ေယာက္ပဲျဖစ္ပါတယ္။ ေမပန္းခ်ီရဲ့ ေမေမကေတာ့ အခုဆိုရင္ ေကာင္းမြန္ေအးခ်မ္းတဲ့ဘုံဘဝတစ္ခုမွာ အနားယူေနေလာက္ၿပီထင္ပါတယ္။
Source: May Panche’s fb
Credit:Myanmar Celebrities
မိခင်ကိုဆုံးရှုံးရတော့မဲ့နေ့လေးမှာ သူမဖြစ်ချင်တဲ့ဆန္ဒလေးကို မိခင်အားတဖွဖွပြောခဲ့တယ်ဆိုတဲ့ မေပန်းချီ
သရုပ်ဆောင်၊ မင်းသမီး မေပန်းချီ ကတော့ ပွင့်လင်းပြီး စကားပြောပြတ်သားသူ တစ်ယောက် အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူ တစ်ယောက်ပါ။ လတ်တလောမှာတော့ အလုပ်တွေလုပ်ရင်း သွားလေသူမေမေ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ အမြဲမပြတ်ပြုလုပ်နေတဲ့ မေပန်းချီဟာ မနေ့က မတ်လ (၄) ရက်နေ့မှာလည်း မေမေ့ကို သတိရတဲ့အကြောင်းတွေကို ရင်ဖွင့်လာတာကို တွေ့ရပါတယ်။
မေပန်းချီက “ဒီနေ့ဟာ မေမေ့ရဲ့ (၇)လပြည့်လေးပေါ့မေမေရေး။ အခုထိ မနေ့တစ်နေ့တုန်းကလိုပါပဲ။ အမေ့စိတ်နဲ့အိပ်လို့ အိမ်မက်ထဲမှာအမေနဲ့မတွေ့ရတဲ့နေ့မရှိခဲ့ဘူး။ အမြဲတမ်းလိုလို အမေ့ကို ရင်ခွင်ထဲပွေ့ပြီး ခလေးလေးတစ်ယောက်လို ပိုက်ထားတာ အမြဲမက်တယ်😔😔😔 မေမေ့ ကိုဆုံးရူံးရတော့မဲ့နေ့လေးက မေမေရေး သမီးသာအိမ်ထောင်ကျခဲ့ရင်သမီးခလေးလေး အဖြစ်ပြန်ဝင်းစားလှည့်ပါ။ ဒီထပ်ကောင်းမွန်အောင်ထား ပါ့မယ်။ အမေ့အတွက် အိမ်လေးမှာကောင်းကောင်းထားပါ့မယ်။ မိခင်တစ်ယောက်ကိုဆုံးရူံးရမဲ့အချိန်ဂယောင်ဂတမ်းတွေ ပါစပ်ကတဖွဖွပြောခဲ့တာ။ ဒီအိမ်မက်ကြီးကအမြဲတမ်းလိုလိုမက်လို့ သမီးအလွတ်ရနေခဲ့တယ်😔😔😔 မေမေဟာ သမီးရင်ခွင်ထဲမှာ အမြဲပွေ့လျှက်သားလေးပါပဲ 😢😢😢 ဒါရူးသွပ်မူ့တစ်ခုလားတော့ သမီးကိုယ်တိုင်နားမလည်တော့ဘူး” ဆိုပြီး ရင်ဖွင့်လာပါတယ်။
မေပန်းချီကတော့ သူမမိခင်ကြီးကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း မိခင်စိတ်နဲ့ အမြဲတမ်း ဝမ်းနည်းကြေကွဲနေရသူတစ်ယောက်ပဲဖြစ်ပါတယ်။ မေပန်းချီရဲ့ မေမေကတော့ အခုဆိုရင် ကောင်းမွန်အေးချမ်းတဲ့ဘုံဘဝတစ်ခုမှာ အနားယူနေလောက်ပြီထင်ပါတယ်။
Source: May Panche’s fb
Credit:Myanmar Celebrities