2021မွာ ၾကံဳေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကို ရင္ဖြင့္ရင္း 2022မွာ ကံေကာင္းျခင္းေတြနဲ႕သာ ျဖတ္သန္းခ်င္ေၾကာင္းေျပာျပလာတဲ့ ဝါဆိုမိုးဦး
သ႐ုပ္ေဆာင္ ဝါဆိုမိုးဦးကေတာ့ ငယ္ငယ္ေလး ကတည္းက ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြမွာ ပါဝင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဝါဆိုမိုးဦးဟာ အခုအခ်ိန္ထိတိုင္ အႏုပညာေလာကမွာ ေအာင္ျမင္ေနသူ တစ္ေယာက္ျဖစ္ၿပီး အားေပးသူပရိသတ္ အခိုင္အမာရရွိထားသူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။ မေန႔က ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာေတာ့ ဝါဆိုမိုးဦးဟာ ကုန္ဆုံးခဲ့ၿပီျဖစ္တဲ့ ႏွစ္တစ္ႏွစ္အတြင္း ၾကဳံဆုံခဲ့ရတဲ့အခက္အခဲေတြကို အခုလိုရင္ဖြင့္ေျပာျပလာတာကို ေတြ႕ရပါတယ္။
“2021 ဟာဝါဆိုဘဝမွာမၾကဳံဘူးတဲ့ အခက္အခဲ အႏၲရာယ္အေတြ႕အၾကဳံေတြနဲ႔လဲရင္ဆိုင္ ခဲ့ရတယ္။ မိသားစု မွာလဲမိဘလိုခ်စ္ရတဲ့မိသားစုဝင္လဲ႐ုတ္တရက္ ႏႈတ္ဆက္သြားတာျဖစ္ခဲ့ရတယ္။ စိတ္ဆင္းရဲအပူေသာကေတြကိုလဲ စိတ္မာၿပီး ရင္ဆိုင္ခဲ့ရတယ္။ လူမွန္းသိတတ္စအရြယ္ထဲက လုပ္ခဲ့တဲ့ အႏုပညာကိုယ့္ရဲ့အိမ္မက္ အလုပ္ေတြလဲ လမ္းေတြေပ်ာက္ခဲ့ရတယ္။ ကိုယ့္အေပၚ ဘယ္သူေကာင္းလည္း မေကာင္းလည္း ဆိုတာလည္း ရွင္းရွင္းလင္းလင္း သိခြင့္ရခဲ့တယ္ ကိုယ့္အေပၚ မေကာင္းတဲ့ သူငယ္ခ်င္းေတြနဲ႔ လမ္းခြဲခဲ့တယ္။ ဘယ္ေလာက္ စိတ္ဓါတ္က်က် ကိုယ့္ကိုမွီခိုေနတဲ့ ကိုယ့္မိသားစုအေပၚအျမဲတာဝန္ေက်ေအာင္ ေက်းဇူးဆပ္ဖို႔ ႀကိဳးစားရင္း အသက္ရွင္ေနရဆဲပါ။ လူလူခ်င္း ပို စာနာတက္ခဲ့ၿပီး ကိုယ့္ထက္ အဆင္ေျပမေျပတဲ့ သူေတြ ကို ပိုၿပီး ကူျဖစ္ခဲ့တယ္။ ဘာတစ္ခုမွမေကာင္းတဲ့ 2021ႀကီးႏႈတ္ဆက္ၿပီး လာမယ့္ 2022ႏွစ္သစ္ႀကီးမွာေကာင္းျခင္းေတြပဲေမၽွာ္လင့္ရင္း ကိုယ္ကိုခ်စ္တဲ့သူေတြနဲ႔ အသက္ဆက္ၾကရမွာေပါ့ေလ။ အားလုံး2022 မွာ အစစအရာရာအဆင္ေျပၾကပါေစလို႔ဆုေတာင္းရင္း🙏🏻🙏🏻🙏🏻” ဆိုၿပီး ေျပာလာပါတယ္။
ဝါဆိုမိုးဦးကေတာ့ ကုန္ဆုံးခဲ့တဲ့ (၂၀၂၁) ခုႏွစ္အတြင္း ဘဝမွာမၾကဳံဖူးတဲ့ အခက္အခဲအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး လာမယ့္ (၂၀၂၂) မွာေတာ့ ကံေကာင္းျခင္းေတြကိုပဲ ေမၽွာ္လင့္ေနေၾကာင္းေျပာလာတာပဲျဖစ္ပါတယ္။
Source: Warso Moe Oo’s fb
Credit:Myanmar Celebrities
2021မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်ရင်း 2022မှာ ကံကောင်းခြင်းတွေနဲ့သာ ဖြတ်သန်းချင်ကြောင်းပြောပြလာတဲ့ ဝါဆိုမိုးဦး
သရုပ်ဆောင် ဝါဆိုမိုးဦးကတော့ ငယ်ငယ်လေး ကတည်းက ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ အခုအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်နေသူ တစ်ယောက်ဖြစ်ပြီး အားပေးသူပရိသတ် အခိုင်အမာရရှိထားသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ဝါဆိုမိုးဦးဟာ ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ နှစ်တစ်နှစ်အတွင်း ကြုံဆုံခဲ့ရတဲ့အခက်အခဲတွေကို အခုလိုရင်ဖွင့်ပြောပြလာတာကို တွေ့ရပါတယ်။
“2021 ဟာဝါဆိုဘဝမှာမကြုံဘူးတဲ့ အခက်အခဲ အန္တရာယ်အတွေ့အကြုံတွေနဲ့လဲရင်ဆိုင် ခဲ့ရတယ်။ မိသားစု မှာလဲမိဘလိုချစ်ရတဲ့မိသားစုဝင်လဲရုတ်တရက် နှုတ်ဆက်သွားတာဖြစ်ခဲ့ရတယ်။ စိတ်ဆင်းရဲအပူသောကတွေကိုလဲ စိတ်မာပြီး ရင်ဆိုင်ခဲ့ရတယ်။ လူမှန်းသိတတ်စအရွယ်ထဲက လုပ်ခဲ့တဲ့ အနုပညာကိုယ့်ရဲ့အိမ်မက် အလုပ်တွေလဲ လမ်းတွေပျောက်ခဲ့ရတယ်။ ကိုယ့်အပေါ် ဘယ်သူကောင်းလည်း မကောင်းလည်း ဆိုတာလည်း ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့တယ် ကိုယ့်အပေါ် မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ လမ်းခွဲခဲ့တယ်။ ဘယ်လောက် စိတ်ဓါတ်ကျကျ ကိုယ့်ကိုမှီခိုနေတဲ့ ကိုယ့်မိသားစုအပေါ်အမြဲတာဝန်ကျေအောင် ကျေးဇူးဆပ်ဖို့ ကြိုးစားရင်း အသက်ရှင်နေရဆဲပါ။ လူလူချင်း ပို စာနာတက်ခဲ့ပြီး ကိုယ့်ထက် အဆင်ပြေမပြေတဲ့ သူတွေ ကို ပိုပြီး ကူဖြစ်ခဲ့တယ်။ ဘာတစ်ခုမှမကောင်းတဲ့ 2021ကြီးနှုတ်ဆက်ပြီး လာမယ့် 2022နှစ်သစ်ကြီးမှာကောင်းခြင်းတွေပဲမျှော်လင့်ရင်း ကိုယ်ကိုချစ်တဲ့သူတွေနဲ့ အသက်ဆက်ကြရမှာပေါ့လေ။ အားလုံး2022 မှာ အစစအရာရာအဆင်ပြေကြပါစေလို့ဆုတောင်းရင်း🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောလာပါတယ်။
ဝါဆိုမိုးဦးကတော့ ကုန်ဆုံးခဲ့တဲ့ (၂၀၂၁) ခုနှစ်အတွင်း ဘဝမှာမကြုံဖူးတဲ့ အခက်အခဲအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လာမယ့် (၂၀၂၂) မှာတော့ ကံကောင်းခြင်းတွေကိုပဲ မျှော်လင့်နေကြောင်းပြောလာတာပဲဖြစ်ပါတယ်။
Source: Warso Moe Oo’s fb
Credit:Myanmar Celebrities