Credit
ချစ်ရတဲ့ ချစ်သူလေးကို အိမ်ထောင် သက်တမ်း (၆)လပြည့်မှာ အရမ်းချစ်ကြောင်း ချစ်စကားလေးနဲ့သက်သေပြလိုက်တဲ့ ဂျိုကာ
အဆိုတော်ရဲလေးရဲ့ ညီအရင်းဖြစ်သူ ဂျိုကာ ကတော့ နာမည်နဲ့ လိုက်အောင် ပျော်ပျော်ရွှင်ရွှင်စစနောက်နောက်နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဂျိုကာက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လက်ထပ်ခဲ့ပြီး အိမ်ထောင် တစ်ခုကို တည်ထောင်နေပြီဖြစ်တဲ့ ဂျိုကာဟာ ဒီကနေ့မှာတော့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၆) လပြည့်အနေနဲ့ အခုလိုပဲ ချစ်စကားတွေပြောလာတာကို တွေ့ရပါတယ်။
“🤡❤️ “Happy 12th Year Anniversay … Chayy ❤️👽 ချစ်သူသက်တမ်း ၁၂ နှစ် ၊ အိမ်ထောင် သက်တမ်း၆လကျော် ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေ၊သံယောဇဉ်ဆိုတာကြီးတွေနဲ့အတူရှေ့ဆက်ပြီးကိုတို့တတွေ နားလည်မှုတွေနဲ့ဆက်သွားကြမယ်… “ ယောကျာ်း မိန်းမကို အရမ်းချစ်တယ် “ 🤡❤️👽” ဆိုပြီး ဇနီးဖြစ်သူကို အရမ်းချစ်ကြောင်း ပြောလာတာပဲဖြစ်ပါတယ်။
ဂျိုကာကတော့ လွန်ခဲ့တဲ့ (၁၂) နှစ်ကတည်းက ချစ်ခဲ့ရတဲ့ ချစ်သူလေးကို အိမ်ထောင် သက်တမ်း (၆)လပြည့်မှာ အရမ်းချစ်တဲ့ အကြောင်းတွေပြောလာခဲ့ တာပဲဖြစ်ပါတယ်။ ဂျိုကာတို့ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၆) လပြည့်မှသည် နောက်နှစ်ပေါင်းများစွာအထိ ချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Wai Yan Tun Min’s fb
Credit