
Posted on





Credit – Cele Zone

Photo – Swan Zarni

တန်ဖိုးကြီးလက်ဆောင်လေးတစ်ခုကို သူကိုယ်တိုင်တောင်မသိဘဲ ရရှိခဲ့လို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ စွမ်းဇာနည်

ဇာတ်မင်းသားအဖြစ်နဲ့ သာမကဘဲ ရုပ်ရှင်မင်းသားတစ်ယောက် အဖြစ်နဲ့ပါ အနုပညာ လှုပ်ရှားမှုတွေကို လုပ်ကိုင်ခဲ့သူကတော့ စွမ်းဇာနည်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ချစ်တဲ့ ပရိသတ်တွေက စွမ်းလို့ တစ်လုံးတည်း အဖျားဆွတ်ခေါ်လေ့ရှိကြ တာလည်း ဖြစ်ပါတယ်။

အနုပညာ အလုပ်ကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူဖြစ်တာကြောင့် ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားနေ တာလည်း ဖြစ်ပါတယ်။ အမြဲတမ်းဖက်ရှင်ကျကျဝတ်ဆင်ပြီး ချောမောခန့်ညားနေတဲ့ စွမ်းဇာနည်က မိန်းကလေးပရိသတ်တွေရဲ့စိတ်ဝင်တစား အားပေးမှုကို ယနေ့အချိန်အထိ ရရှိနေဆဲ လည်း ဖြစ်ပါတယ် ။

ယနေ ့မှာတော့ သူကိုယ်တိုင်တောင် မသိဘဲ ရလိုက်တဲ့ တန်ဖိုးကြီး လက်ဆောင်လေး တစ်ခုကြောင့် အတိုင်း မသိ အံ့ဩပီတိ ဖြစ်ရကြောင်းတွေဝေ မျှလာပါတယ် ။ ငွေကျပ် ငါးသိန်း ပါဝင်တဲ့ ပန်းစည်းလေးရဲ့ ပုံတွေနဲ့အတူ ” ဒီနေ့လဲ ဘယ်သူလဲမသိ ၅သိန်းတန် ပန်းစည်းလေရောက်လာ 😍 Thanks par ……… ❤️ ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Swan Zarni