
Posted on





Credit: Cele Thadin

နှစ်သစ်မှာ ချစ်ရတဲ့ ချစ်သူကောင်လေးရဲ့ နေအိမ်မှာ ဖြတ်သန်းခဲ့ကြောင်း ထုတ်ဖော်ပြသလာတဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ အသက်တွေ ဘယ်လောက်ပဲ ကြီးသွားပါပစေ နုပျိုလှပနေပြီး မြင်သူတိုင်း ကြွေကျသွား ရလောက်အောင် ချစ်စရာကောင်းနေသူလေး ကတော့ သရုပ်ဆောင် နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ နှစ်ပေါင်းများစွာ တိုင်အောင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူ တစ်ဦး ဖြစ်ပါတယ်။ စိတ်ကောင်းစေတနာကောင်းရှိလွန်းတာကြောင့် ပရိသတ်တွေက ချစ်နေကြတာ ဖြစ်ပါတယ်။

နန်းဆုကတော့ ချစ်သူကောင်လေးနဲ့ အတူ သာယာကြည်နူး စရာကောင်းတဲ့ အချိန်လေးတွေ ရရှိပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ချစ်သူလေးနဲ့ မြန်မာပြည်အနှံ့ ခရီးတွေ ထွက်နေတာ ဖြစ်ပါတယ်။ မနေ့ညကနန်းဆုရတီစိုးရဲ့ Facebook Story တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ New Year ညကို ချစ်သူလေးရဲ့ နေအိမ်မှာ ဖြတ်သန်းခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ သက်သေပြ လိုက်တာဖြစ်ပါတယ်။ နန်းဆုဟာ အခုချိန်ထိ သူမရဲ့ ကောင်လေးကို ပရိသတ်တွေထံ မချပြသေးပဲ လျှို့ဝှက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုရဲ့သတင်းလေးကို ဖတ်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit: Cele Thadin