
Posted on





Source: Nay Ye ‘s fb

တစ်ဦးတည်းသော အချစ်ဆုံးညီမလေးအတွက် အစ်ကိုကြီးပီပီ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နေရဲ

သရုပ်ဆောင် ခင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်တဲ့ နေရဲနဲ့ သဇင်ထူးမြင့်တို့ ကတော့ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားကြသူ တွေပဲဖြစ်ပါတယ်။ နေရဲကလည်း ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို သဇင်ထူးမြင့်ကလည်း အနုပညာလောကထဲကို စတင်ခြေလှမ်းလှမ်းနေပြီဖြစ်တဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ ကတော့ သဇင်ထူးမြင့်ရဲံ မွေးနေ့လေးပဲဖြစ်ပြီး သဇင်ထူးမြင့်အတွက် သူမရဲ့အစ်ကိုလတ် နေရဲက မွေးနေ့ဆုတောင်းပေးထားတာကိုတွေ့ရပါတယ်။ သဇင်ထူးမြင့်က “Happy Birthday သဲရေ 🎉🎉🎈🎈❤️❤️ လိုအင် ဆန္ဒအကုန် ပြည့်ဝပြီး ဘဝရဲ့အခက်အခဲ မှန်သမျှ ရင်ဆိုင်ကျော်ဖြတ်နိုင် ပါစေ ❤︎❤︎❤︎❤︎❤︎❤︎❤︎”ဆိုပြီး ရိုးရိုးရှင်းရှင်းမွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ မိသားစုရဲ့ အငယ်ဆုံးလေးပီပီ အစ်ကိုတွေဆီက မေတ္တာတွေအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့မွေးနေ့ရှင်လေး သဇင်ထူးမြင့်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

Source: Nay Ye ‘s fb
Credit:Myanmar Celebrities