Posted on
Soutce: Nat Khat’s fb
သမီးလေးရဲ့ရက်(၁၀၀)ပြည့်လေးမှာ ချစ်ဇနီးနဲ့သမီးလေးအတွက် ကတိတစ်ခုပေးရင်း ချစ်စကားလေးတွေ အမှတ်တရပြောလာတဲ့ နက္ခတ်
သရုပ်ဆောင် နက္ခတ်ကတော့ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေကြာ းအောင်မြင်မှုရရှိခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နက္ခတ်က အခုဆိုရင် အိမ်ထောင်ကျပြီး သူ့ရဲ့ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ ကလေးအဖေတစ်ယောက်တော့ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နက္ခတ်က ချစ်သမီးလေးရဲ့ ရက်(၁၀၀)ပြည့်မွေးနေ့မှာ အချစ်ရဆုံးချစ်ဇနီးလေးနဲ့ သမီးလေးကို ကတိစကားတွေပေးခဲ့တာကို အခုလိုမျိုးပဲတွေ့ရပါတယ်။
“မိန်းမရေ ဒီနေ့ က ကိုယ်တို့ နှစ်ယောက်ရဲ့ သမီး လေး ရက် ၁၀၀ ပြည့် မွေးနေ့လေး နော်။ ကိုယ်က အခုချိန်မှာ မိန်းမနဲ့ သမီးလေးရဲ့ရှေ့ရေးအတွက် အလုပ်ကြိုးစားရဖို့အဝေး တစ်နေရာကို ရောက်နေပေမဲ့ ကိုယ့် စိတ်တွေ နှလုံးသားတွေက ကိုယ့်မိန်းမနဲ့ သမီးလေး အနားမှာ တစ်ချိန်လုံးရှိနေတာပါ။ ကိုယ်နဲ့ မင်းနဲ့အတူတူ ဖြတ်သန်းခဲ့ကြတဲ့ အိမ်ထောင် (၅)နှစ် ကာလ အတွင်းမှာ မင်း ကိုယ့်အပေါ်မှာ နားလည်ပေးနိုင်မှုတွေက ကိုယ် ဘယ်လိုဘဲ တွေးတွေး ရင်နဲ့ မဆံ့အောင် များပြားလွန်းပါတယ်။ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်တို့ ကြုံတွေ့ခဲ့ရတာတွေက သိပ်ကိုခါးသီးလွန်းပါတယ်။ ဘဝဆိုတာ လောကဓံရှစ်ပါးကို ကောင်းကောင်းကြီးခံရမယ်ဆိုတာ ကိုယ်သိပေမဲ့ တကယ် လက်တွေ့ခံစားရတဲ့အချိန်ကျတော့ တော်တော်ကိုနာကျင်ရတယ်။”
“မိန်းမရယ် ကိုယ်မင်းနဲ့ အတူတူရှေ့ဆက်မဲ့ ဘဝခရီးအတွက် လိုအပ်တဲ့ အရာတွေကို ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိတာထက်ပိုပြီး ကိုယ်ကြိုးစားမှာပါ။ နာကျင်မှုတွေ နာကျင်စရာတွေ နဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ မိန်းမ နဲ့ သမီးလေးက ကိုယ့်အတွက် ဘုရားပေးတဲ့ဆုလာဘ်ပါ။ ကိုယ်မင်းနဲ့မတွေ့ခင် အချိန်ကာလတစ်ခုမှာ ကိုယ်နေထိုင်ခဲ့တဲ့ ပုံစံကို မင်းနဲ့တွေ့ပြီးမှ ကိုယ်အစစ အရာရာ ပြောင်းလဲနိုင်ခဲ့တယ်။ ဒီထက်ပိုပြီး ကောင်းသောပြောင်းလဲခြင်းတွေနဲ ့တည်ရှိဖို့ ကိုယ် ကြိုးစားနေမှာပါ။ ဒီနေ့ ရက်၁၀၀ ပြည့်မွေးနေ့လေးမှာ သမီးလေးရဲ့ ဘဝတစ်လျှောက်လုံး အစစအရာရာ အဆင်ပြေချောမွေ့ပြည့်စုံပါစေလို့ ဖေဖေဆုတောင်းပေးပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။နက္ခတ်ကတော့ လွန်ခဲ့တဲ့ (၅) နှစ်ကတည်းက အိမ်ထောင်ကျခဲ့ဖူးတာဖြစ်ပြီး အိမ်ထောင်သက် (၅) နှစ်တာအတွင်း သူ့အပေါ်ကို နားလည်မှုတွေနဲ့ ချစ်ပေးခဲ့တဲ့ ချစ်ဇနီးလေးကို ကျေးဇူးတင်စကားပြောလာခဲ့တာပဲဖြစ်ပါတယ်။
Soutce: Nat Khat’s fb
Credit:Myanmar Celebrities