Credit:Cele Thadin
မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့သမီးကြီး မြမိုးဂင်္ဂါကို တမင်ထားခဲ့တာလို့ ဝေဖန်အပြစ်တင်တဲ့သူတစ်ယောက်ကို ထိရှတဲ့စကားလုံးတွေနဲ့ ပြန်လည်ချေပလိုက်တဲ့ ချမ်းချမ်း
ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ ဒုတိယအိမ်ထောင်နဲ့ အတူ ပြည်ပနိုင်ငံမှာ နေထိုင်လျက် ရှိနေပါတယ်။ သမီးကြီးကို သူမနဲ့ အတူ နေထိုင်လို့ရအောင် ကြိုးစားနေပေမယ့်လည်း အခက်အခဲတွေရှိနေတာကြောင့် ချမ်းချမ်းတစ်ယောက် စိတ်ထိခိုက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က အဝေးမှာ ရှိနေတဲ့ သမီးကြီး မြမိုးဂင်္ဂါအတွက် ခရစ္စမတ်လက်ဆောင်လေး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
တစ်ချို့ ပရိသတ်တွေက အကြောင်းစုံ မသိဘဲ ချမ်းချမ်းအပေါ် ဝေဖန်အပြစ်တင်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချမ်းချမ်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် သမီးကြီးကို မြန်မာနိုင်ငံမှာ တမင်ထားခဲ့တယ်လို့ ဝေဖန်ရှုံ့ချနေတဲ့ ပရိသတ်တစ်ဦးအား စကားတစ်ခွန်းဖြင့် အထိနာအောင် ပြောချလိုက်တာ ဖြစ်ပါတယ်။ ” Merry Christmas everyone 🙏🙏🙏ခရစ်စမတ် နေ့မှာမြန်မာပြည်သူပြည်သားအားလုံး ကိုယ်ရောစိတ်ပါကျန်းမာစေရန်ဆုတောင်းပါတယ်မိသားစုနဲ့ အိမ်နဲ့ဝေးကွာ ခွဲခွာနေရသူတယောက်ချင်းစီအတွက် ဒီနှစ်ဟာ အမြန်ကုန်းဆုံးပြီးကံကောင်းခြင်းတွေဝမ်းမြောက်ရခြင်းတွေသာကြုံဆုံကြရပါစေတစ်ယောက်ချင်းစီ တမိသားစုခြင်းစီအတွက်ရော အနစစ်နာခံတိုက်ပွဲဝင်ပေးကြတဲ့ အဖက်ဖက်မှ မိဘပြည်သူသူရဲကောင်းတွေအားလုံးအတွက် ဆုတောင်းပေးပါတယ်🙏🙏🙏🙏
ဒီနှစ်တော့ လူမစုံသေးလို့ အိမ်လွမ်းစိတ်နဲ့ အိမ်အပေါ် ထပ်လေးမှာ ခရစ်စမတ်အပင်လေး လုပ်ပြီး ကိုယ်မိသားစုတွေကို လက်ဆောင်လေးတေပေးဖို့စီစဉ်ထားတယ်သမီးကြီးလေးကိုလဲခရစ်စမတ်လက်ဆောင်အဖြစ် အဝတ်အစားလေးတွေ အနွေးထည်တေကိုBaby La Woon Export Kids Wear online ကနေမှာပြီးလက်ဆောင်ပို့ပေးဖြစ်တယ်သမီးကြီးကြိုက်တဲ့pop it toys တွေရယ် ကလစ်ကလေးတေရယ် Nike sneakers လေးတေရယ် မှာပီးပို့ပေးဖြစ်တယ် ။ကလေးအားဆေးနဲ့ သူကြိုက်တဲ့ H&M အကျီလေးတွေလဲပို့ပေးရလို့ လူချင်းမတွေ့ရပေမဲ့ အမေ့သမီးလေးပျော်တော့ အမေပျော်ပါတယ်သမီးရေ။ merry Christmas ပါကွယ်အားလုံးကို ချစ်တယ် သတိရတယ် အမြန်ဆုံးငြိမ်းချမ်းပါစေကွယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
Credit:Cele Thadin