
Posted on






သူရဲ့ဘဝမှာ မရှိဖြစ်တဲ့ အစိတ်အပိုင်းလေးတွေကို ပရိသတ်ကြီးအားပြသလာတဲ့ အဆိုတော် Ah Boy

နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်တဲ့ Ah Boy ကတော့ လူငယ်ဘဝက Rock Star အဖွဲ့က အဆိုတော်တစ်ယောက်အဖြစ် သီချင်းတွေကိုသီဆိုခဲ့ပြီး အသက်အရွယ်တစ်ခုရောက်ရှိ လာချိန်မှာတော့ စီးပွားရေးနဲ့ မိသားစုကိုသာ ပိုမိုအချိန်ပေးဖြစ်ခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ Ah Boy က ပရိသတ်တွေရဲ့ အားပေးမှုကို အထိုက်အလျောက်လက်ခံရရှိနေဆဲပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးသုံးယောက်နဲ့ မကြာသေးခင်ကမှမွေးဖွာ းထားတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Ah Boy ဟာ လူတကာ အားကျရလောက်တဲ့ မိသားစုဘဝကို ရရှိထားသူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း Ah Boy က သူ့ရဲ့သမီးသုံးယောက်ဖြစ်တဲ့ ဂျူဂျူး၊ ဖောင်းဖောင်းနဲ့ စကားလတ်လေးတို့ရဲ့ပုံလေးကိုပြသရင်း “ကျွန်တော့်ဘဝရဲ့ မရှိမဖြစ်အစိတ်အပိုင်းလေးများ” ဆိုပြီး ပြောလာပါတယ်။

Ah Boy ရဲ့ သမီးတွေ ကတော့ အဖေတူ၊ အမေကွဲ ညီအစ်မတွေဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပြီး မိသားစုချင်း ကလည်း နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတာဖြစ်ပါတယ်။

Source: Kyaw Phyo Tun’s fb