
Posted on






လက်ရှိပရိသတ်တွေကြားမှာ ဂရက်ထနေတဲ့ မင်းသားပိုင်တံခွန် ထောင်ဒဏ်(၃)နှစ်ချမှတ်ခံရတယ်ဆိုတဲ့ သတင်းအပြည့်အစုံ

သရုပ်ဆောင်နဲ့ မော်ဒယ်လ်ပိုင်တံခွန် ကတော့ နွေဦးတော်လှန်ရေး ခရီးစဉ်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည် ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဉ်းထောင် ထဲရောက်ရှိနေတဲ့ ပိုင်တံခွန်ဟာ သူချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ဝေးကွာနေတာ လအတော်ကြာကြာမြင့်နေပြီပဲဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာတော့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ (၅၀၅) က နဲ့ တရားစွဲဆိုခံထားရတဲ့ ပိုင်တံခွန်ဟာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။ ထိုသတင်းနဲ့ ပက်သတ်ပြီး ပိုင်တံခွန်ရဲ့ မိသားစုဆီက အတည်ပြုချက်မရသေးပေမယ့် ထိုသတင်းကတော့ ပရိသတ်တွေကြားမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတကာမှာနာမည်ရစပြုနေတဲ့ ပိုင်တံခွန်အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံ ရမယ်ဆိုရင် အဆိုပါ သတင်းဟာ နိုင်ငံအသီးသီးက သတင်းဌာနတွေမှာ ဂယက်ထဦးမယ် ဆိုတာ အသေအချာပါပဲ။

Source: Proud of Myanmar ‘s fb
Credit:Myanmar Celebrities