
Posted on





Credit:Cele Thadin

သားလေးဧဝရတ်မိုးမြင့်ရဲ့ ပထမဆုံးကြုံရတဲ့ခရစ္စမတ်နှစ်လေးမှာ ပြည်ပနိုင်ငံမှာရှိတဲ့ ယောက္ခမဖြစ်သူပိုင်ဆိုင်တဲ့အိမ်ကြီးထဲမှာ မိသားစုဝင်များနဲ့အတူ ကျင်းပခဲ့တဲ့ အောန်ဆိုင်း

ကြည်နူးပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက် ထားတဲ့ မော်ဒယ် အောန်ဆိုင်းကတော့ လက်ရှိမှာ ပြည်ပနိုင်ငံတွင် နေထိုင်လျက် ရှိနေပါတယ်။ သားလေးကိုယ်ဝန် စရှိကတည်းက ပြည်ပနိုင်ငံသို့ ပြောင်းသွားပြီး သူမရဲ့ မိသားစုဝင်များကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဘဝလေးကို ကြည့်ပြီး ပရိသတ်တွေကပါ အားကျနေကြတာ ဖြစ်ပါတယ်။

အနုပညာ လှုပ်ရှားမှုတွေ မရှိတော့ပေမယ့် သူမရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ သိရှိနိုင်အောင် အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က အောန်ဆိုင်းရဲ့ Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံလေးတွေ တင်ထား တာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်ပနိုင်ငံမှာရှိသော ယောက္ခမဖြစ်သူပိုင်ဆိုင်တဲ့ အိမ်ကြီးထဲမှာ မိသားစုဝင်များနဲ့အတူ ခရစ္စမတ်ပွဲတော်ကျင်းပနေကြတဲ့ အောန်ဆိုင်းတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။

ဒီနှစ်ဟာ သားလေး ဧဝရတ်မိုးမြင့်ရဲ့ ပထမဆုံး ကြုံရတဲ့ ခရစ္စမတ်နှစ် ဖြစ်တာကြောင့် တစ်အိမ်လုံးကို အလှပဆုံးဖြစ်အောင် အလှဆင် ထားကြတာ ဖြစ်ပါတယ်။ ကဲ ချစ်စရာကောင်းတဲ့ အောန်ဆိုင်းတို့ရဲ့ မိသားစုဘဝလေးကိုကြည့်ရှုလို့ရနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Cele Thadin