Posted on
Credit:Cele Thadin
သူမရဲ့တစ်ဦးတည်းသောအားကိုးရာဖြစ်တဲ့ ဖေဖေစိုင်းလွှမ်းကို မိန်းမပေးစားဖို့အသည်းအသန်ကြိုးစားနေတဲ့ လူလည်မလေး စစ်လွန်းဝတီထက်
ပရိသတ်ကြီးရေ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ သမီးချောလေး စစ်လွန်းဝတီထက် ကတော့ မိခင်နဲ့ဝေးရာမှာ နေထိုင်နေပြီး ဖခင်ဖြစ်သူရဲ့ ဆိုဆုံးမမှုအောက်မှာ နေထိုင်နေရတာ လည်း ဖြစ်ပါတယ်။ စစ်လွန်းလေးဟာ ပညာရေးမှာ ထူးချွန်ထက်မြက်တဲ့ အပြင် လိမ္မာရေးခြားလည်း ရှိလွန်းသူဖြစ်တာကြောင့် ပရိသတ်တွေအားလုံးက ချစ်နေရတာ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတစ်ချိူ့ကို စိုင်းလွှမ်းမှ ပြန်လည်ဝေမျှပေးနေတာ ဖြစ်ပါတယ်။
မကြာသေးခင်က စိုင်းလွှမ်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ ဖခင်ဖြစ်သူကို မိန်းမအတင်းပေးစားဖို့ အသည်းအသန်ကြိုးစားနေတာ ဖြစ်ပါတယ်။ ” ခုတော့ကျွန်တော့်ညီမလေးပေါ့ သိပ်မကြာခင် ကျတော့အမဖြစ်မဲ့မမစစ်လွန်း😅🤫🤫” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
စစ်လွန်းလေးကလည်း ” မမဆိုရင် အန်း🤔ဒီ မောင်လေးကို မိန်းမပေးစားရမယ်🤗😘” ဆိုပြီး ဖခင်ကို စနောက်နေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းပြီး သူငယ်ချင်းတွေလို စနောက်နေကြတဲ့ စစ်လွန်းဝတီထက်တို့ သားအဖရဲ့ သတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit:Cele Thadin