Credit:CeleGabar
Source- SeinPhyo
ပရိသတ်တွေမမြင်ဖူးသေးတဲ့ အစ်မဖြစ်သူနန္ဒာလှိုင်နဲ့ငယ်စဉ်ဘဝက ပုံလေးတွေကို ပြန်လည်မျှဝေလာတဲ့ စိန်ဖြိုးလှိုင်
ပရိသတ်ကြီးရေ သရုပ်ဆောင်မောင် ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး တစ်ဦးဖြစ်ခဲ့တဲ့ နန္ဒါလှိုင်ရဲ့မောင်အရင်းပဲ ဖြစ်ပါတယ်။ မောင်ရဲ့အချစ်ရေးကတော့ ပရိသတ်တွေလည်း သိပြီးသားဖြစ်တဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူ
နဲ့ ချစ်သူ တွေဖြစ်ပြီး မကြာခင်မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။
အစ်မဖြစ်သူနန္ဒါလှိုင်ကလည်း အနုပညာ အလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အကြာကြီးဖြစ်ပြီး စိန်ဖြိုးကလည်း သရုပ်ဆောင်အလုပ်ကိုရပ်နားထားခဲ့တာ ကြာပေမယ့်လည်း Vlogလေးတွေတော့ ချစ်သူရီရီပွင့်ဖြူနဲ့အတူ အမြဲရိုက်ကူးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ စိန်ဖြိုးကသူ့ရဲ့my dayကနေ ပရိသတ်တွေမြင်ရခဲလှတဲ့အစ်မဖြစ်သူ နန္ဒါလှိုင်နဲ့ ငယ်ဘဝပုံရိပ်အမှတ်တရအဆင့်ဆင့်ကနေ လက်ရှိအချိန်ထိ အမှတ်တရမောင်နှမနှစ်ယောက်တွဲပုံလေးတွေကိုတင်လာခဲ့တာပါ။
အသက်၁၄နှစ်ကွာပြီး အမြဲပျော်ရွှင်ချမ်းမြေ့စရာ ကောင်းတဲ့ နန္ဒါလှိုင်တို့မောင်နှမတွေကတော့ တကယ့်ကို စိတ်ချမ်းသာစရာ မိသားစုတွေပါပဲနော်။CeleGabarပရိသတ်တွေလည်း နန္ဒါလှိုင်နဲ့စိန်ဖြိုးတို့ရဲ့ငယ်ဘဝ ပူံရိပ်တွေကိုချစ်ရင်တစ်ခုခူမှတ်ချက်ပေးခဲ့ပါဦးနော်။
Credit:CeleGabar
Source- SeinPhyo