Credit:Cele Thadin
ချစ်ရတဲ့ဇနီးလေးကို သူကိုယ်တိုင်ရေခဲမုန့်ခွံ့ကျွေးကာ အပီအပြင်ရိုပြနေတဲ့ သန္တာလှိုင်ရဲ့ခင်ပွန်း
ပရိသတ်ကြီးရေ မော်ဒယ် သန္တာလှိုင် ကတော့ အသက် (၄၀)ကျော်တဲ့အထိ နုပျို လှပနေလွန်းတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလေးကို ကျစ်လစ်လှပအောင် အမြဲထိန်းသိမ်းထားနိုင်သူ လည်း ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် လက်ရှိ လက်ထပ်ထားတဲ့ ခင်ပွန်းနဲ့ သာယာကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးဘဝကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။
သူမကတော့ မကြာသေးခင်က မြန်မာနိုင်ငံကို စွန့်ခွာပြီး ပြည်ပနိုင်ငံ သို့ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ မိသားစုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေး တွေဖြတ်သန်းနေတာတွေ ကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က သန္တာလှိုင်ရဲ့ Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ ချစ်ဇနီးလေး ပင်ပန်းမှာစိုးတဲ့ အတွက် သူကိုယ်တိုင် ရေခဲမုန့်ခွံ့ကျွေးနေရင်း အပီအပြင်ကို ရိုပြလိုက်တဲ့ သန္တာလှိုင်ခင်ပွန်းရဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ ” Once in a while let’s us share just 1 ice cream ,just as you can see he was happy to share at first and then.each bite goes on he’s not happy anymore.Have a very merry Christmas everyone “ ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
Credit:Cele Thadin