
Posted on





Credit:Yaungchi
Photo – Sandy Myint Lwin

ခရစ္စမတ်အပြင်အဆင်လေးတွေ အပြည့်နဲ့ ကြည်နူးစရာမိသားစု ပုံလေးတွေ ဝေမျှလာတဲ့ စန္ဒီမြင့်လွင်တို့မိသားစု

အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင် ကတော့ ကြည်နူး အားကျစရာ မိသားစုဘဝလေးကို လက်ရှိမှာ ပိုင်ဆိုင်ထားသလို သူ့မရဲ့ ချစ်စရာ သမီးလေး ထရက်ရှာလေး ကလည်း အရွယ်ရောက်လို့ လာခဲ့ပြီဖြစ်ပါတယ်။

ထရက်ရှာလေး ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိနေတဲ့ အနုပညာရှင် သားသမီးတွေထဲမှာ တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ထရက်ရှာလေးကတော့ တစ်နေ့ထက်တစ်နေ့ အရမ်းစကားတတ်လာပြီး ကြော်ငြာလေးတွေတောင် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

သူတို့ရဲ့ မိသားစု လှုပ်ရှားမှု ပုံရိပ်လေးတွေ ကိုလည်း အမြဲဖော်ပြပေးလေ့ ရှိတာကို တွေ့ရပါတယ် ။ အခုလည်း ချစ်စရာအရမ်းကောင်းတဲ့ ခရစ္စမတ် အပြင်အဆင်လေးတွေ အပြည့်နဲ့ ကြည်နူးစရာ မိသားစု ပုံလေးတွေ ဝေမျှလာပါတယ် ။ ပုံတိုင်းက အားကျစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit:Yaungchi
Photo – Sandy Myint Lwin