သူ႔ရဲ႕နာမည္ကိုအလြဲသုံးစားျပဳလုပ္ၿပီး ပရိသတ္ေတြ အထင္လြဲေအာင္ဖန္တီးခံေနရတဲ့ အေၾကာင္းကို စာရြက္ေလးတစ္ရြက္ႏွင့္တကြ ျပသလာတဲ့ ေနထူးႏိုင္
ပရိသတ္ေတြ က ခ်စ္စႏိုးနဲ႔ ကြီးေနထူးႏိုင္လို႔ ေခၚၾကတဲ့ သ႐ုပ္ေဆာင္ေနထူးႏိုင္ ကေတာ့ အက္ရွင္နဲ႔ သဘာဝလြန္ဗီဒီယို ဇာတ္ကားေတြကို အမ်ားဆုံး႐ိုက္ကူးသူတစ္ေယာက္ျဖစ္ပါတယ္။ ေနထူးႏိုင္ကေတာ့ နယ္ႀကိဳက္မင္းသား တစ္ေယာက္ျဖစ္ၿပီး ဒီတစ္ေခါက္မွာေတာ့ တစ္ႏိုင္ငံလုံးပူေဆြးေသာကေရာက္ေနခ်ိန္မွာ သူ႔ရဲ႕နာမည္ကို အလြဲသုံးစားလုပ္ခံခဲ့ရေၾကာင္း ေျပာလာပါတယ္။
ေနထူးႏိုင္ဦးေဆာင္တဲ့ သ႐ုပ္ေဆာင္ မင္းသား၊ မင္းသမီး (၁၀) ေယာက္ဟာ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕မွာ Stage Show ေဖ်ာ္ေျဖသြားမယ့္အေၾကာင္းေရးသားထားတဲ့ ပါမစ္ေတာင္းစာ စာ႐ြက္ကို ျပသၿပီး ေနထူးႏိုင္က “ကြၽန္ေတာ္နံမည္အားအလြဲသုံးစားလုပ္ထားပါသည္။ ဤစာနဲ႔ပက္သတ္ၿပီးကြၽန္ေတာ္လုံးဝမသိပါ။ ဦးျမင့္သူကိုသိသူမ်ားအေၾကာင္းၾကားေပးၾကပါခင္ဗ်ာ”ဆိုၿပီး ေျဖရွင္းလာတာပဲျဖစ္ပါတယ္။
ေနထူးႏိုင္ကေတာ့ တစ္ႏိုင္ငံလုံး ပူေဆြးေသာက ေရာက္ေနခ်ိန္မွာ သူ႔ရဲ႕နာမည္ကိုအလြဲသုံးစားျပဳလုပ္ၿပီး ပရိသတ္ေတြ အထင္လြဲေအာင္ဖန္တီးခံေနရတဲ့ အေၾကာင္းနဲ႔ ထိုစာနဲ႔ ပက္သတ္ၿပီးလည္း သူလုံးဝမသိရွိထားေၾကာင္းကို ေျဖရွင္းလာခဲ့တာပဲျဖစ္ပါတယ္။
Source: Nay Htoo Naing’s fb
Credit:Myanmar Celebrities
သူ့ရဲ့နာမည်ကိုအလွဲသုံးစားပြုလုပ်ပြီး ပရိသတ်တွေ အထင်လွဲအောင်ဖန်တီးခံနေရတဲ့ အကြောင်းကို စာရွက်လေးတစ်ရွက်နှင့်တကွ ပြသလာတဲ့ နေထူးနိုင်
ပရိသတ်တွေ က ချစ်စနိုးနဲ့ ကွီးနေထူးနိုင်လို့ ခေါ်ကြတဲ့ သရုပ်ဆောင်နေထူးနိုင် ကတော့ အက်ရှင်နဲ့ သဘာဝလွန်ဗီဒီယို ဇာတ်ကားတွေကို အများဆုံးရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ နယ်ကြိုက်မင်းသား တစ်ယောက်ဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေချိန်မှာ သူ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်ခံခဲ့ရကြောင်း ပြောလာပါတယ်။
နေထူးနိုင်ဦးဆောင်တဲ့ သရုပ်ဆောင် မင်းသား၊ မင်းသမီး (၁၀) ယောက်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ Stage Show ဖျော်ဖြေသွားမယ့်အကြောင်းရေးသားထားတဲ့ ပါမစ်တောင်းစာ စာရွက်ကို ပြသပြီး နေထူးနိုင်က “ကျွန်တော်နံမည်အားအလွဲသုံးစားလုပ်ထားပါသည်။ ဤစာနဲ့ပက်သတ်ပြီးကျွန်တော်လုံးဝမသိပါ။ ဦးမြင့်သူကိုသိသူများအကြောင်းကြားပေးကြပါခင်ဗျာ”ဆိုပြီး ဖြေရှင်းလာတာပဲဖြစ်ပါတယ်။
နေထူးနိုင်ကတော့ တစ်နိုင်ငံလုံး ပူဆွေးသောက ရောက်နေချိန်မှာ သူ့ရဲ့နာမည်ကိုအလွဲသုံးစားပြုလုပ်ပြီး ပရိသတ်တွေ အထင်လွဲအောင်ဖန်တီးခံနေရတဲ့ အကြောင်းနဲ့ ထိုစာနဲ့ ပက်သတ်ပြီးလည်း သူလုံးဝမသိရှိထားကြောင်းကို ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။
Source: Nay Htoo Naing’s fb
Credit:Myanmar Celebrities