ေရသန္႕ဘူးေရာင္းတဲ့ အဘြားႏွင့္အတူ တျခားေသာမရွိဆင္းရဲတဲ့အဘိုးအဘြားမ်ားအတြက္ ေကာက္ခံထားတဲ့အလွဴေငြမ်ား သြားေရာက္လွဴဒါန္းခဲ့တဲ့ ေန၀င္းနဲ႕အိမ့္ခ်စ္ေခ်ာ
အဆိုေတာ္ ေနဝင္းနဲ႔ ခရီးသြား ဘေလာ္ဂါမေလး အိမ့္ခ်စ္ေခ်ာတို႔ အတြဲက ခ်စ္သူေတြအျဖစ္ ဆယ္စုနွစ္ေက်ာ္တိုင္ လက္တြဲလာခဲ့ၿပီး အခုဆိုရင္ ႏွစ္ကိုယ္တူ ဘဝေလးကို တည္ေဆာက္ထားၾကၿပီပဲ ျဖစ္ပါတယ္။ ခ်စ္သူဘဝ ကတည္းက စိတ္တူကိုယ္တူရိွ ၾကတဲ့ ေနဝင္းနဲ့ အိမ့္ခ်စ္ေခ်ာတို့ဇနီးေမာင္နွံဟာ ဒီတစ္ေခါက္ မွာလည္း ေရသန့္ဘူးေရာင္းတဲ့ အဘြားအတြက္ ပရိသတ္ေတြနဲ့အတူစုေပါင္းျပီး အလွဴေငြေတြ လွဴဒါန္းခဲ့ေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။
“ဒီေန႔ေခ်ာဦးေဆာင္ၿပီး ေကာက္ထားတဲ့ အလႉေငြ သိန္း ၃၀ ကို လႉခဲ့ပါတယ္ 🙏🙏🙏
အစကေတာ့ ေရသန႔္ေရာင္းတဲ့ အဖြားေဒၚၫႊန႔္ရီ အတြက္ ဆိုၿပီး ေကာက္ ထားေပမယ့္ အလႉေငြကမထင္မွတ္ပဲမ်ားသြားေတာ့ အဖြားလိုဘဝတူ အဖိုးအဖြားေတြကိုလည္း ခြဲၿပီးလႉျဖစ္ခဲ့တယ္ 💙အဖြားေဒၚၫႊန႔္ရီကေတာ့ သူအိမ္ပိုင္ေလးလည္းရၿပီ၊ အေႂကြးလည္းမရွိေတာ့ဘူးဆိုေတာ့ သူေရသန႔္မေရာင္းပဲ အိမ္ေရွ႕မွာ အသားတုတုတ္ထိုးေလးေတြေရာင္းဖို႔ အရင္း ၁ သိန္း ရယ္… လာမယ့္ ၂၀၂၂ -၁ လပိုင္းကေန ၁ ႏွစ္ခြဲတိတိ လစဥ္ တစ္လတစ္သိန္း နဲ႔ ၁၈ သိန္း ေထာက္ပံ့ေပးဖို႔ စီစဥ္ခဲ့တယ္ (တလတခါအဖြားကို ေခ်ာတို႔ကိုယ္တိုင္ေပးမယ္ဆိုတာလည္းေျပာခဲ့ပါတယ္)က်န္တဲ့ ၁၁ သိန္းကေတာ့ ကိုပူတူးရဲ႕အကူအညီနဲ႔ လိုက္လႉခဲ့ပါတယ္ “ဆိုျပီး ေျပာလာပါတယ္။
အိမ့္ခ်စ္ေခ်ာနဲ့ ေနဝင္းတို့ ဇနီးေမာင္နွံ ကေတာ့ သူတို့နွစ္ေယာက္မ တည္ျပီး ပရိသတ္ေတြဆီက အလွဴလက္ခံ ရရွိထားတဲ့ ေငြသား စုစုေပါင္း သိန္း (၃၀) ကို ေရသန့္ဘူးေရာင္းတဲ့ အဖြားေဒၚၫႊန႔္ရီနဲ့တကြ အျခားခ်ိဳ့တဲ့ဘိုးဘြားေတြကို လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။
Source: Travel Kueen’s fb
Credit;Myanmar Celebrities
ရေသန့်ဘူးရောင်းတဲ့ အဘွားနှင့်အတူ တခြားသောမရှိဆင်းရဲတဲ့အဘိုးအဘွားများအတွက် ကောက်ခံထားတဲ့အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ နေဝင်းနဲ့အိမ့်ချစ်ချော
အဆိုတော် နေဝင်းနဲ့ ခရီးသွား ဘလော်ဂါမလေး အိမ့်ချစ်ချောတို့ အတွဲက ချစ်သူတွေအဖြစ် ဆယ်စုနှစ်ကျော်တိုင် လက်တွဲလာခဲ့ပြီး အခုဆိုရင် နှစ်ကိုယ်တူ ဘဝလေးကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။ ချစ်သူဘဝ ကတည်းက စိတ်တူကိုယ်တူရှိ ကြတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဇနီးမောင်နှံဟာ ဒီတစ်ခေါက် မှာလည်း ရေသန့်ဘူးရောင်းတဲ့ အဘွားအတွက် ပရိသတ်တွေနဲ့အတူစုပေါင်းပြီး အလှူငွေတွေ လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲပြောလာပါတယ်။
“ဒီနေ့ချောဦးဆောင်ပြီး ကောက်ထားတဲ့ အလှူငွေ သိန်း ၃၀ ကို လှူခဲ့ပါတယ် 🙏🙏🙏
အစကတော့ ရေသန့်ရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီ အတွက် ဆိုပြီး ကောက် ထားပေမယ့် အလှူငွေကမထင်မှတ်ပဲများသွားတော့ အဖွားလိုဘဝတူ အဖိုးအဖွားတွေကိုလည်း ခွဲပြီးလှူဖြစ်ခဲ့တယ် 💙အဖွားဒေါ်ညွှန့်ရီကတော့ သူအိမ်ပိုင်လေးလည်းရပြီ၊ အကြွေးလည်းမရှိတော့ဘူးဆိုတော့ သူရေသန့်မရောင်းပဲ အိမ်ရှေ့မှာ အသားတုတုတ်ထိုးလေးတွေရောင်းဖို့ အရင်း ၁ သိန်း ရယ်… လာမယ့် ၂၀၂၂ -၁ လပိုင်းကနေ ၁ နှစ်ခွဲတိတိ လစဉ် တစ်လတစ်သိန်း နဲ့ ၁၈ သိန်း ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့တယ် (တလတခါအဖွားကို ချောတို့ကိုယ်တိုင်ပေးမယ်ဆိုတာလည်းပြောခဲ့ပါတယ်)ကျန်တဲ့ ၁၁ သိန်းကတော့ ကိုပူတူးရဲ့အကူအညီနဲ့ လိုက်လှူခဲ့ပါတယ် “ဆိုပြီး ပြောလာပါတယ်။
အိမ့်ချစ်ချောနဲ့ နေဝင်းတို့ ဇနီးမောင်နှံ ကတော့ သူတို့နှစ်ယောက်မ တည်ပြီး ပရိသတ်တွေဆီက အလှူလက်ခံ ရရှိထားတဲ့ ငွေသား စုစုပေါင်း သိန်း (၃၀) ကို ရေသန့်ဘူးရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီနဲ့တကွ အခြားချို့တဲ့ဘိုးဘွားတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
Source: Travel Kueen’s fb
Credit;Myanmar Celebrities