Credit:Cele Thadin
မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ချစ်ဇနီးလေးအတွက် တန်ဖိုးကြီးပစ္စည်းလေးတစ်ခု လက်ဆောင်ပေးလိုက်တဲ့ အကယ်ဒမီ စိုးသူ
ပရိသတ်ကြီးရေ အဆိုတော် စိုးသူကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင် စိုက်ထူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် မြန်မာနိုင်ငံကို ပြန်လာပြီးစိုးမြတ်နန္ဒာနဲ့ နောက်ထပ်အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် အိမ်ထောင်ပြုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေကြားမှာ အတော်လေးကို ဂဟက်ထခဲ့တာ ဖြစ်ပါတယ်။
စိုးသူကတော့ ဒါဒါနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကိုလည်း တစ်ခါတစ်ရံမှသာ ဝေမျှပေးလေ့ရှိတာ ဖြစ်ပါတယ်။ မကြာသေးခင်က စိုးမြတ်နန္ဒာရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် သိန်း(၂၀)ကျော်တန်တဲ့ နောက်ဆုံးပေါ်အိုင်ဖုန်းကို ချစ်ဇနီးလေး အတွက် ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ” Anniversary Present From Ba Soe “ ဆိုပြီး စိုးမြတ်နန္ဒာမှ ရေးသားထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်တွေလည်း စိုးသူတို့ ဇနီးမောင်နှံရဲ့ သတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit:Cele Thadin