Source: Novem Htoo ‘s fb
Brand တွေဝတ်၊ အပန်းဖြေခရီးတွေသွားပြီးပျော်နေတဲ့သူတွေကို ထိထိမိမိပြောဆို သတိပေးလိုက်တဲ့ နိုဗန်ထူး
The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်ဖြစ်သူ နိုဗန်ထူး ကတော့ လက်ရှိမှာ သူဝါသနာပါတဲ့ ဂီတ လမ်းကြောင်းထက် တစ်နိုင်ငံလုံးစစ်အာဏာရှင် လက်အောက်ကျရောက်နေ မှုမှာ လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်ရင်း ရုန်းထွက်နေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုဗန်ထူးက Brand တွေဝတ် စားကောင်းသောက်ကောင်းတွေစားရင်း အပျော်ခရီးတွေသွားလာနိုင်သူတွေကို သတိပေးစကားပြောလာတာကို တွေ့ရပါတယ်။
နိုဗန်ထူးက “Brand တွေဝတ်ပြီး ကြွားနေကြတုန်းလား? စားကောင်းသောက်ကောင်းတွေနဲ့ ကြွယ်နေကြ တုန်းလား? အပန်းဖြေ ခရီးတွေထွက်နေကြတုန်းလား? အဲ့အတိုင်းသာ ဆက်သွားနေရင် ခင်များတို့လည်း ဖက်ဆစ်စစ်တပ်ရဲ့ ောက်ကျင့်ယုတ်မှုခံရတော့မှာ အနှေးနဲ့ အမြန်ဘဲ။တိုက်ပွဲတွေ ပိုပြင်းထန်လာရင် ပြည်မမှာကျန်တဲ့ခင်များတို့ပိုင်ဆိုင်မှုတွေ လုယက် စားသောက်ရင်း နောက်ဆုံးအချိန်ထိ သူတို့ဖျက်ဆီးသွားမှာကို မမေ့နဲ့ ။” ဆိုပြီး သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။
နိုဗန်ထူး ကတော့ Brand တွေဝတ်၊ အပန်းဖြေခရီးတွေသွားပြီး စားသောက်နေပြီး ဘာမှမဖြစ်သလို သွေးအေးနေကြသူတွေလည်း တချိန်ချိန်မှာ စကစရဲ့ အကျင့်ယုတ်မှုခံရမှာ အနှေး၊ အမြန်ပဲဆိုပြီး သတိပေးလာတာပဲဖြစ်ပါတယ်။
Source: Novem Htoo ‘s fb
Credit:Myanmar Celebrities