သူမအိမ္မျပန္ျဖစ္တဲ့ ဆယ္လအတြင္းမွာ လက္ရွိအိမ္ေလးရဲ႕ ယိုယြင္းပ်က္စီးေနမႈကို ၀မ္းနည္းစြာေျပာျပလာတဲ့ ေအး၀တ္ရည္ေသာင္း

Posted on

သူမအိမ္မျပန္ျဖစ္တဲ့ ဆယ္လအတြင္းမွာ လက္ရွိအိမ္ေလးရဲ႕ ယိုယြင္းပ်က္စီးေနမႈကို ၀မ္းနည္းစြာေျပာျပလာတဲ့ ေအး၀တ္ရည္ေသာင္း

ျမန္မာဆန္တဲ့ က်က္သေရရွိရွိ အလွတရားကို ပိုင္ဆိုင္ထား တယ္လို႔ ပရိသတ္ေတြ အားလုံးက လက္ခံထားၾကတဲ့ မင္းသမီးေခ်ာေလး မေအးေသာင္း ကေတာ့ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္နိုင္လြန္းလို႔ ေအာင္ျမင္မႈေတြ မ်ားစြာ ရရွိေနတာပဲ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ အစကတည္းက ေတာ္လွန္ေရးလုပ္ငန္းေတြမွာ တက္တက္ႂကြႂကြပါဝင္လာတဲ့ မေအးေသာင္းဟာ လတ္တေလာမွာလည္း အႏုပညာအလုပ္ေတြ အားလုံးကိုလည္း ရပ္နားထားတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ မေအးေသာင္းက အိမ္မျပန္ျဖစ္တဲ့ ဆယ္လအတြင္းမွာ ရွိေနတဲ့အိမ္ေလးပါပ်က္စီးယိုယြင္းေနၿပီလို႔ စိတ္မေကာင္းစြာရင္ဖြင့္လာတာကို အခုလိုမ်ိဳးပဲေတြ႕ရပါတယ္။

“အိမ္ကိုျပန္မေရာက္ခဲ့တာ ၁၀ လေက်ာ္ၿပီ။ လြန္ခဲ့တဲ့ ၃ လေလာက္က ခဏေရာက္ခဲ့တယ္။ အိမ္အဝင္မွာအပင္ေတြ ျခဳံေတြနဲ႔ပိတ္ေနတယ္။ အပင္ေလးေတြေနမပူေအာင္ကာထားတဲ့ အိမ္ေရွ႕က အစိမ္းဖက္ႀကီးက မိုးရြာတာေၾကာင့္ ေလ်ာ့က်ေနတာပဲ။ လူေတာင္ငုံဝင္ရတယ္။ ကိုယ္ရွိတုန္းက တသသလုပ္ခဲ့ရတဲ့ ႂကြားခဲ့ရတဲ့ က်ားလက္ဝါးပင္ေတြ အုန္းပြါးပင္ေတြ၊Bird of paradise, မယ္ေတာ္ႀကီးဂမုန္း၊ စားမကုန္ေသာက္မကုန္ ဆိုလား အဲ့အပင္ဆိုေတာ္ေတာ္ႀကီးေနၿပီ၊ဘုံသုံးဆင့္ပင္ေတြ၊ ထင္းရႉးပင္ေလးေတြ၊တ႐ုတ္စကားပင္၊ ေအာင္မဲညိဳအပင္ေလးရယ္၊ သရက္ပင္ ၂ ပင္ရယ္၊ စကၠဴပင္အႀကီးႀကီးရယ္၊ဝါးပင္ေလးေတြရယ္ ကိုယ္ျပန္ေရာက္တဲ့အခ်ိန္ၾကည့္ေတာ့ရွင္ေနေသးေပမဲ့ သခင္မရွိေတာ့ ငိုမဲ့မဲ့႐ုပ္ကေလးေတြနဲ႔လို႔ထင္ရတယ္။ တစ္ၿခံလုံးသစ္ရြက္ေတြေႂကြထားေတာ့ရႈပ္ပြေနတာပဲ။ ဒါေပမဲ့ ေႏြးေထြးေနဆဲ Home sweet home ျဖစ္ေနဆဲပါပဲ။”

“အိမ္ထဲဝင္ဝင္ခ်င္း ဘာဝမ္းနည္းမွန္း မသိပဲ ငိုခ်လိုက္မိတယ္။ခဏေနမွအေမ့ဆီဖုန္းဆက္ၿပီး အခန္းေသာ့ဘယ္မွာ ထားလဲေမးရတယ္။ အိပ္ခန္းထဲေရာက္ေတာ့ မွိုေတြတက္ေနတဲ့ဗီဒိုနဲ႔ ဖုန္ေတြတက္ေနတဲ့အဝတ္ေတြကႀကိဳေနတာေပါ့။ ကိုယ္သိပ္ခ်စ္တဲ့ပန္ခ်ီကားေတြလည္းဖုန္ေတြကိုတက္ေနတာပဲ။ ခ်စ္လို႔စုထားတဲ့ယြန္းထည္ေလးေတြလည္းအတူတူပဲ။ ဖုန္ေတာင္မသုပ္ခဲ့ရ။ စာအုပ္စင္ကစာအုပ္ေတြက ဖုန္အလိပ္လိပ္နဲ႔။ေရခ်ိဳးခန္းကလည္း ဖုန္ေတြအထပ္ထပ္တက္ေနတာပဲ။ မိတ္ကပ္ skin care တဝက္ေလာက္အိတ္စပါယာေတြအပုံလိုက္ျဖစ္ကုန္တာပါပဲ။ ဖုန္မ်ားရင္ Allergy ျဖစ္တတ္တဲ့သူမို႔ တစ္အိမ္လုံးဘာမွမထိခဲ့ရဘူး။ တစ္ရက္ေတာ့ေသခ်ာသြားရွင့္အုံးမယ္လို႔ေတးၿပီးထြက္လာခဲ့တာ။ ၿခံျပင္ကထိုင္ေနက်ဒါန္းေလးကလည္းအျဖဴေလးကေန အမဲေလးျဖစ္ေနၿပီ။ ”

“ျပန္ခါနီး ၿခံေလးကိုျပန္လွည့္ၾကည့္ေတာ့ၿခံရဲ့ ညာဘက္က အုတ္တံတိုင္းေလးက အက္ေၾကာင္းလိုက္ၿပီးၿပိဳခါနီးျဖစ္ေနၿပီ။ ကိုယ္ပဲသတိမထားမိခဲ့တာလား အုတ္တံတိုင္းယိုင္ေနတာ အခုမွေသခ်ာၾကည့္မိတယ္။ ငိုပဲငိုခ်င္ေနေတာ့တယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ကအေမတို႔အတြက္အိမ္ေဆာက္ေပးမယ္ဆိုတဲ့ အိမ္မက္ေလး ေငြလိမ္ခံရလို႔ပ်က္စီးသြားခဲ့ရဘူးတယ္။ အခုက်ေတာ့ရွိတဲ့အိမ္ေလးပါ ပ်က္စီးခဲ့ရတယ္။ ခုလိုခရစၥမတ္ခ်ိန္ေလးဆို အမ်ိဳးေတြနဲ႔စည္ကားေနတဲ့အိမ္ေလးကိုလြမ္းတယ္။ Miss my home 🏡 အိမ္မက္ေတြကေဈးမႀကီးဘူး။ လူေတြကအတၱႀကီးၾကတယ္။ 🎁Merry X’mas to you all 🎁” ဆိုၿပီး ရင္ဖြင့္လာပါတယ္။မေအးေသာင္းကေတာ့ အိမ္နဲ႔အေဝးႀကီးမွာေရာက္ေနတဲ့ကာလပတ္လုံး သူမခ်စ္ျမတ္နိုးတဲ့အရာေလးေတြရွိတဲ့ အိမ္ကိုသတိရေနခဲ့ၿပီး တကယ္တမ္းအိမ္ျပန္ေရာက္သြားခ်ိန္မွာေတာ့ အရာရာဟာ ယိုယြင္းပ်က္စီးေနခဲ့ၿပီဆိုတဲ့အေၾကာင္းကို ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။

Source: Aye Thaung’s fb
Credit:Myanmar Celebrities

သူမအိမ်မပြန်ဖြစ်တဲ့ ဆယ်လအတွင်းမှာ လက်ရှိအိမ်လေးရဲ့ ယိုယွင်းပျက်စီးနေမှုကို ဝမ်းနည်းစွာပြောပြလာတဲ့ အေးဝတ်ရည်သောင်း

မြန်မာဆန်တဲ့ ကျက်သရေရှိရှိ အလှတရားကို ပိုင်ဆိုင်ထား တယ်လို့ ပရိသတ်တွေ အားလုံးက လက်ခံထားကြတဲ့ မင်းသမီးချောလေး မအေးသောင်း ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းလို့ အောင်မြင်မှုတွေ များစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အစကတည်းက တော်လှန်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လာတဲ့ မအေးသောင်းဟာ လတ်တလောမှာလည်း အနုပညာအလုပ်တွေ အားလုံးကိုလည်း ရပ်နားထားတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်းက အိမ်မပြန်ဖြစ်တဲ့ ဆယ်လအတွင်းမှာ ရှိနေတဲ့အိမ်လေးပါပျက်စီးယိုယွင်းနေပြီလို့ စိတ်မကောင်းစွာရင်ဖွင့်လာတာကို အခုလိုမျိုးပဲတွေ့ရပါတယ်။

“အိမ်ကိုပြန်မရောက်ခဲ့တာ ၁၀ လကျော်ပြီ။ လွန်ခဲ့တဲ့ ၃ လလောက်က ခဏရောက်ခဲ့တယ်။ အိမ်အဝင်မှာအပင်တွေ ခြုံတွေနဲ့ပိတ်နေတယ်။ အပင်လေးတွေနေမပူအောင်ကာထားတဲ့ အိမ်ရှေ့က အစိမ်းဖက်ကြီးက မိုးရွာတာကြောင့် လျော့ကျနေတာပဲ။ လူတောင်ငုံဝင်ရတယ်။ ကိုယ်ရှိတုန်းက တသသလုပ်ခဲ့ရတဲ့ ကြွားခဲ့ရတဲ့ ကျားလက်ဝါးပင်တွေ အုန်းပွါးပင်တွေ၊Bird of paradise, မယ်တော်ကြီးဂမုန်း၊ စားမကုန်သောက်မကုန် ဆိုလား အဲ့အပင်ဆိုတော်တော်ကြီးနေပြီ၊ဘုံသုံးဆင့်ပင်တွေ၊ ထင်းရှူးပင်လေးတွေ၊တရုတ်စကားပင်၊ အောင်မဲညိုအပင်လေးရယ်၊ သရက်ပင် ၂ ပင်ရယ်၊ စက္ကူပင်အကြီးကြီးရယ်၊ဝါးပင်လေးတွေရယ် ကိုယ်ပြန်ရောက်တဲ့အချိန်ကြည့်တော့ရှင်နေသေးပေမဲ့ သခင်မရှိတော့ ငိုမဲ့မဲ့ရုပ်ကလေးတွေနဲ့လို့ထင်ရတယ်။ တစ်ခြံလုံးသစ်ရွက်တွေကြွေထားတော့ရှုပ်ပွနေတာပဲ။ ဒါပေမဲ့ နွေးထွေးနေဆဲ Home sweet home ဖြစ်နေဆဲပါပဲ။”

“အိမ်ထဲဝင်ဝင်ချင်း ဘာဝမ်းနည်းမှန်း မသိပဲ ငိုချလိုက်မိတယ်။ခဏနေမှအမေ့ဆီဖုန်းဆက်ပြီး အခန်းသော့ဘယ်မှာ ထားလဲမေးရတယ်။ အိပ်ခန်းထဲရောက်တော့ မှိုတွေတက်နေတဲ့ဗီဒိုနဲ့ ဖုန်တွေတက်နေတဲ့အဝတ်တွေကကြိုနေတာပေါ့။ ကိုယ်သိပ်ချစ်တဲ့ပန်ချီကားတွေလည်းဖုန်တွေကိုတက်နေတာပဲ။ ချစ်လို့စုထားတဲ့ယွန်းထည်လေးတွေလည်းအတူတူပဲ။ ဖုန်တောင်မသုပ်ခဲ့ရ။ စာအုပ်စင်ကစာအုပ်တွေက ဖုန်အလိပ်လိပ်နဲ့။ရေချိုးခန်းကလည်း ဖုန်တွေအထပ်ထပ်တက်နေတာပဲ။ မိတ်ကပ် skin care တဝက်လောက်အိတ်စပါယာတွေအပုံလိုက်ဖြစ်ကုန်တာပါပဲ။ ဖုန်များရင် Allergy ဖြစ်တတ်တဲ့သူမို့ တစ်အိမ်လုံးဘာမှမထိခဲ့ရဘူး။ တစ်ရက်တော့သေချာသွားရှင့်အုံးမယ်လို့တေးပြီးထွက်လာခဲ့တာ။ ခြံပြင်ကထိုင်နေကျဒါန်းလေးကလည်းအဖြူလေးကနေ အမဲလေးဖြစ်နေပြီ။ ”

“ပြန်ခါနီး ခြံလေးကိုပြန်လှည့်ကြည့်တော့ခြံရဲ့ ညာဘက်က အုတ်တံတိုင်းလေးက အက်ကြောင်းလိုက်ပြီးပြိုခါနီးဖြစ်နေပြီ။ ကိုယ်ပဲသတိမထားမိခဲ့တာလား အုတ်တံတိုင်းယိုင်နေတာ အခုမှသေချာကြည့်မိတယ်။ ငိုပဲငိုချင်နေတော့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကအမေတို့အတွက်အိမ်ဆောက်ပေးမယ်ဆိုတဲ့ အိမ်မက်လေး ငွေလိမ်ခံရလို့ပျက်စီးသွားခဲ့ရဘူးတယ်။ အခုကျတော့ရှိတဲ့အိမ်လေးပါ ပျက်စီးခဲ့ရတယ်။ ခုလိုခရစ္စမတ်ချိန်လေးဆို အမျိုးတွေနဲ့စည်ကားနေတဲ့အိမ်လေးကိုလွမ်းတယ်။ Miss my home 🏡 အိမ်မက်တွေကဈေးမကြီးဘူး။ လူတွေကအတ္တကြီးကြတယ်။ 🎁Merry X’mas to you all 🎁” ဆိုပြီး ရင်ဖွင့်လာပါတယ်။မအေးသောင်းကတော့ အိမ်နဲ့အဝေးကြီးမှာရောက်နေတဲ့ကာလပတ်လုံး သူမချစ်မြတ်နိုးတဲ့အရာလေးတွေရှိတဲ့ အိမ်ကိုသတိရနေခဲ့ပြီး တကယ်တမ်းအိမ်ပြန်ရောက်သွားချိန်မှာတော့ အရာရာဟာ ယိုယွင်းပျက်စီးနေခဲ့ပြီဆိုတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Aye Thaung’s fb
Credit:Myanmar Celebrities