Source: ALINNYAUNG’s fb
သူကိုယ်တိုင် အရမ်းလှတဲ့Mayရဲ့ ပရိသတ်ဖြစ်သွားရတဲ့ အကြောင်းအရင်းကို ပြန်လည် ပြောပြလာတဲ့ အလင်းရောင်
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို စိုးမိုးထားနိုင်သူဟာ မင်းသားချောလေး အလင်းရောင်ပဲ ဖြစ်ပါတယ်။ လူလေးချောသလို စိတ်ထားလေး လည်းကောင်းတဲ့ အလင်းရောင်က သူနဲ့ရင်းနှီးတဲ့ အနုပညာမောင်နှမတွေကို အရမ်းချစ်ပြီး Support ပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အလင်းရောင်က သူငယ်ချင်း မေ့ရဲ့ အသစ်ထွက်ရှိလာတဲ့ “အတိတ်မေ့ရောဂါ” သီချင်းလေးနဲ့ပက်သတ်ပြီး အခုလိုပဲ သုံးသပ်ပြခဲ့ပါတယ်။
“ဘယ်အရာမဆို အမြဲတမ်း details ပြင်ဆင်တတ်လို့ တဖြည်းဖြည်းနဲ့ ကျနော်ကိုယ်တိုင် May ရဲ့ပရိတ်သတ် ဖြစ်လာခဲ့တာ။😇 အခုလဲ ဒီသီချင်းကို သူစပြကတည်းက အရမ်းသဘောကျတယ်။ ကျနော် ကိုယ်တိုင်လဲ ဒီကာလမှာ စိတ်ဓာတ်ကျနေတာ အရမ်း များတော့ ဒီသီချင်းလေးကို စိတ်ဓာတ်ကျချိန်တိုင်း နားထောင်ပြီး လဲပြိုမကျသွားအောင် ကိုယ့်ကိုယ်ကို အားပေးအားတင်းရင်း feel နေခဲ့တာ။ ဒီသီချင်းကိုအမြန် ထုတ်ဖို့လဲသူ့ကို တိုက်တွန်းရင်းပေါ့။ ဒီသီချင်း ကို သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး MV ရိုက်မယ်ဆိုတော့ ဖြစ်ပါ့မလားပေါ့ စိတ်ပူနေတာ … အခုသီချင်းလဲထွက်လာရော Wow woW wOw ပါပဲ ဆရာမရယ်…. I love It 🥰 မျက်ရည်ဝဲမိတယ်။😓 U Did It Again ငါ့သူငယ်ချင်းလေး … 💪🏻 နင် ဖန်တီးချင်တဲ့ သီချင်းတွေအများကြီး ဆက်ဖန်တီးနိုင်ပါစေ။ ပရိသတ်ကြီးလဲ ခံစားနားဆင်ပေးပါဦးနော်…” ဆိုပြီး ပြောလာပါတယ်။
အလင်းရောင်ကတော့ သရုပ်ဆောင်ရော အဆိုရောအပြင် အခုသီချင်းတစ်ပုဒ်ကိုပါ MV ရိုက်ကူးတဲ့အထိ အစအဆုံးဖန်တီးနိုင်ခဲ့တဲ့ သူငယ်ချင်းမေ့ရဲ့ အရည်အချင်းကို အံ့အားသင့်ဂုဏ်ယူနေခဲ့တာပဲဖြစ်ပါတယ်။
Source: ALINNYAUNG’s fb
Credit:Myanmar Celebrities