Credit
အမေရိကားမှာ သူမအနုပညာအလုပ်ကို စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း ပုံလေးတစ်ပုံနဲ့ သက်သေပြလိုက်တဲ့ စမိုင်းလ်ရဲ့သမီးကြီးပေါ်ရှာ
ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ သမီးကြီးပေါ်ရှာ ကတော့ ဆယ်ကျော်သက်အရွယ်ဆိုတဲ့ အတိုင်း အရမ်းကို ချစ်စရာကောင်းလွန်းပြီး လူငယ်ကြိုက်ဖက်ရှင်တွေကိုလည်း အမိုက်စားဖြစ်အောင် ရွေးချယ်ဝတ်ဆင်တတ်သူ တစ်ဦး ဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံမှာနေစဉ်က အနေအေး သူဖြစ်ပြီး မိသားစုနဲ့အတူ ပြည်ပနိုင်ငံကို ပြောင်းရွေ့လာချိန်မှာတော့ မိခင်ဖြစ်သူရဲ့ အနုပညာသွေးတွေ ခန္ဓာကိုယ်ထဲကနေ တဗွက်ဗွက် ဆူပွက်လာခဲ့ပြီ ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ မော်ဒယ်သင်တန်း တက်ရောက်နေပြီး မကြာခင်မှာ အနုပညာလောက သို့ အခြေချတော့မှာ ဖြစ်ပါတယ်။ သူမရဲ့လှုပ်ရှားမှုတစ်ချို့ကိုလည်း မြန်မာနိုင်ငံက ပရိသတ်တွေသိရှိရအောင် တင်ဆက်ပေးနေကြ ဖြစ်ပါတယ်။ မကြာသေးခင်က ပေါ်ရှာရဲ့ Instagram လူမှုကွန်ယက်တွင် ပုံလေးတွေ တင် ထားတာ ဖြစ်ပါတယ်။
ဒါကတော့ အမေရိကားမှာ အနုပညာ လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပုံလေးတစ်ပုံဖြင့်သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ သူမရဲ့ မျက်နှာလေးကလည်း နိုင်ငံခြားသူလေးလို့ ထင်မှတ်ရလောက်အောင်ချောမောလှပပြီး မိတ်ကပ်ပြင်ဆင်ပြီးချိန်မှာတော့ မမှတ်မိလောက်အောင်ကိုပင် အမိုက်စားဖြစ်သွ ားခဲ့တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ပေါ်ရှာရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit