တစ္ဦးတည္းေသာ ေယာက္ဖေလးရဲ႕Pre Wedding ဓာတ္ပုံေတြေၾကာင့္ ေ၀ဖန္ခံရမႈအေပၚ သူ႕ရဲ႕အျမင္ကိုေျပာျပလာတဲ့ ေဇသီဟ
သ႐ုပ္ေဆာင္ေမာင္ ကေတာ့ သူ႔ရဲ့ Pre Wedding ဓာတ္ပုံေတြေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မႈကို ျပင္းျပင္းထန္ထန္ ရရွိေနတာပဲျဖစ္ပါတယ္။ အေၾကာင္း ကေတာ့ ေမာင့္ရဲ့ Pre Wedding ဓာတ္ပုံေတြဟာ နိုင္ငံျခားကစုံတြဲရဲ့ Pre Wedding ဓာတ္ပုံေတြနဲ႔တူညီေနတာေၾကာင့္ျဖစ္ၿပီး ေမာင္ကိုယ္တိုင္ကလည္း အဆိုပါဓာတ္ပုံကိုႀကိဳက္လို႔ တမင္ကိုတူေအာင္ရိုက္ကူးထားေၾကာင္း ရွင္းျပခဲ့ၿပီးျဖစ္ပါတယ္။ ေမာင့္ရဲ့ ေယာက္ဖျဖစ္သူ သ႐ုပ္ေဆာင္နႏၵာလွိုင္ရဲ့ခင္ပြန္း ေဇသီဟကလည္း ေမာင့္ဘက္ကေနၿပီး ကာကြယ္ေျပာဆိုေပးခဲ့တာကို အခုလိုပဲေတြ႕ရပါတယ္။
“Pre Wedding ပဲျဖစ္ျဖစ္၊ တကယ္ မဂၤလာေဆာင္ပဲျဖစ္ျဖစ္ အေပ်ာ္တမ္း ပုံရိုက္တဲ့ ကိစၥတိုင္းမွာ ကိုယ့္ေရွ႕က ဖန္တီးပုံေဖာ္ထားတဲ့ ပုံေတြကို မွီျငမ္းပါတယ္။ စီးပြားျဖစ္မဟုတ္တဲ့အတြက္ ပုံကို ဘယ္လိုတုပၿပီးရိုက္ရိုက္၊ ခိုးတယ္လို႔ စြတ္စြဲလို႔မရပါဘူး။ အနီးစပ္ဆုံးဥပမာေပးရရင္ က်ိဳက္ထီးရိုးဘုရားကို ေနာက္ခံထားၿပီးရိုက္ထားတဲ့ပုံက တစ္ပုံနဲ႔တစ္ပုံ ထပ္တူနီးပါးတူၾကပါတယ္။ ပီဇာေမၽွာ္စင္ႀကီးနဲ႔ရိုက္ၾကတဲ့ပုံေတြကလည္း တကမၻာလုံးအတူတူပါပဲ။ ဒါေပမယ့္ ပီဇာေမၽွာ္စင္ႀကီးကို တျခားနိုင္ငံသားေတြရိုက္ကူးတဲ့ပုံစံအတိုင္း ကိုယ့္ျမန္မာဝတ္စုံနဲ႔ရိုက္ကူးမယ္ဆိုရင္ေတာ့ စိတ္ကူးေကာင္းတယ္လို႔ဆိုရပါမယ္။”
“သူမ်ားကို အတုခိုးထားေပ မယ့္ ကိုယ့္အေတြးအျမင္ေပါင္းစပ္ ထားတဲ့ အတြက္ အႏုပညာအားစိုက္မႈ ပါတယ္ေပါ့ဗ်ာ။ သူတို႔စုံတြဲက ဒီလိုရိုက္ဖို႔ ပုံေတြလိုက္ၾကည့္ရင္း အိုင္ဒီယာရမွာပါပဲ။ ခိုးခ်တယ္ပဲဆိုၾကပါစို႔။ ယူခါနီးစုံတြဲတိုင္း သူမ်ားေတြ မဂၤလာဘယ္လိုေဆာင္လဲ။ ဘယ္လိုလုပ္လဲလိုက္ၾကည့္ရတာပဲေလ။ အဲ့ဒီပုံေတြထဲကမွ ထိုင္းရိုးရာဝတ္စုံနဲ႔မဟုတ္ပဲ ရိုကက္ူးထားတဲ့ အဲ့လိုပုံမွာ ကိုယ့္မြန္ရိုးရာဝတ္စုံကိုေရာစပ္ၿပီး ကိုယ့္ဘဝက အမွတ္တရရွိခဲ့တဲ့ ဆိုင္ေတြကိုပဲေရြးၿပီး ရိုက္ကူးထားတာက ရိုက္ကူးတဲ့စုံတြဲဘက္က အျပစ္မရွိသလို တိုက္ရိုက္ကူးခ်ထားတာမဟုတ္တဲ့အျပင္ သူတို႔စိတ္ကူးအႏုပညာပါ ေပါင္းစပ္ထားပါတယ္။ အခ်ဳပ္ေျပာရရင္ မဂၤလာေဆာင္မယ့္ ဇနီးေမာင္ႏွံအတြက္ မဂၤလာစကားေျပာၾကားျခင္းသာ မဂၤလာရွိေသအျပဳအမူပါ။ အကုသိုလ္ျဖစ္မယ့္ကိစၥကို တတ္နိုင္သေလာက္ေရွာင္က်ဥ္ၾကပါ” ဆိုၿပီး ေျပာလာတာျဖစ္ပါတယ္။ေမာင့္ရဲ့အစ္မအရင္းျဖစ္တဲ့ နႏၵာလွိုင္ကေတာ့ ေမာင့္ရဲ့ Pre Wedding ဓာတ္ပုံနဲ႔ ပက္သတ္ၿပီး ဘာကိုမွေျပာဆိုျခင္းမရွိေပမယ့္ ေယာက္ဖျဖစ္တဲ့ ေဇသီဟကေတာ့ ေမာင့္ဘက္ကေန ကာကြယ္ေျပာဆိုေပးခဲ့တာပဲျဖစ္ပါတယ္။
Source: Zay Thiha’s fb
Credit;Myanmar Celebrities
တစ်ဦးတည်းသော ယောက်ဖလေးရဲ့Pre Wedding ဓာတ်ပုံတွေကြောင့် ဝေဖန်ခံရမှုအပေါ် သူ့ရဲ့အမြင်ကိုပြောပြလာတဲ့ ဇေသီဟ
သရုပ်ဆောင်မောင် ကတော့ သူ့ရဲ့ Pre Wedding ဓာတ်ပုံတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ရရှိနေတာပဲဖြစ်ပါတယ်။ အကြောင်း ကတော့ မောင့်ရဲ့ Pre Wedding ဓာတ်ပုံတွေဟာ နိုင်ငံခြားကစုံတွဲရဲ့ Pre Wedding ဓာတ်ပုံတွေနဲ့တူညီနေတာကြောင့်ဖြစ်ပြီး မောင်ကိုယ်တိုင်ကလည်း အဆိုပါဓာတ်ပုံကိုကြိုက်လို့ တမင်ကိုတူအောင်ရိုက်ကူးထားကြောင်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ မောင့်ရဲ့ ယောက်ဖဖြစ်သူ သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ခင်ပွန်း ဇေသီဟကလည်း မောင့်ဘက်ကနေပြီး ကာကွယ်ပြောဆိုပေးခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။
“Pre Wedding ပဲဖြစ်ဖြစ်၊ တကယ် မင်္ဂလာဆောင်ပဲဖြစ်ဖြစ် အပျော်တမ်း ပုံရိုက်တဲ့ ကိစ္စတိုင်းမှာ ကိုယ့်ရှေ့က ဖန်တီးပုံဖော်ထားတဲ့ ပုံတွေကို မှီငြမ်းပါတယ်။ စီးပွားဖြစ်မဟုတ်တဲ့အတွက် ပုံကို ဘယ်လိုတုပပြီးရိုက်ရိုက်၊ ခိုးတယ်လို့ စွတ်စွဲလို့မရပါဘူး။ အနီးစပ်ဆုံးဥပမာပေးရရင် ကျိုက်ထီးရိုးဘုရားကို နောက်ခံထားပြီးရိုက်ထားတဲ့ပုံက တစ်ပုံနဲ့တစ်ပုံ ထပ်တူနီးပါးတူကြပါတယ်။ ပီဇာမျှော်စင်ကြီးနဲ့ရိုက်ကြတဲ့ပုံတွေကလည်း တကမ္ဘာလုံးအတူတူပါပဲ။ ဒါပေမယ့် ပီဇာမျှော်စင်ကြီးကို တခြားနိုင်ငံသားတွေရိုက်ကူးတဲ့ပုံစံအတိုင်း ကိုယ့်မြန်မာဝတ်စုံနဲ့ရိုက်ကူးမယ်ဆိုရင်တော့ စိတ်ကူးကောင်းတယ်လို့ဆိုရပါမယ်။”
“သူများကို အတုခိုးထားပေ မယ့် ကိုယ့်အတွေးအမြင်ပေါင်းစပ် ထားတဲ့ အတွက် အနုပညာအားစိုက်မှု ပါတယ်ပေါ့ဗျာ။ သူတို့စုံတွဲက ဒီလိုရိုက်ဖို့ ပုံတွေလိုက်ကြည့်ရင်း အိုင်ဒီယာရမှာပါပဲ။ ခိုးချတယ်ပဲဆိုကြပါစို့။ ယူခါနီးစုံတွဲတိုင်း သူများတွေ မင်္ဂလာဘယ်လိုဆောင်လဲ။ ဘယ်လိုလုပ်လဲလိုက်ကြည့်ရတာပဲလေ။ အဲ့ဒီပုံတွေထဲကမှ ထိုင်းရိုးရာဝတ်စုံနဲ့မဟုတ်ပဲ ရိုကက်ူးထားတဲ့ အဲ့လိုပုံမှာ ကိုယ့်မွန်ရိုးရာဝတ်စုံကိုရောစပ်ပြီး ကိုယ့်ဘဝက အမှတ်တရရှိခဲ့တဲ့ ဆိုင်တွေကိုပဲရွေးပြီး ရိုက်ကူးထားတာက ရိုက်ကူးတဲ့စုံတွဲဘက်က အပြစ်မရှိသလို တိုက်ရိုက်ကူးချထားတာမဟုတ်တဲ့အပြင် သူတို့စိတ်ကူးအနုပညာပါ ပေါင်းစပ်ထားပါတယ်။ အချုပ်ပြောရရင် မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံအတွက် မင်္ဂလာစကားပြောကြားခြင်းသာ မင်္ဂလာရှိသေအပြုအမူပါ။ အကုသိုလ်ဖြစ်မယ့်ကိစ္စကို တတ်နိုင်သလောက်ရှောင်ကျဉ်ကြပါ” ဆိုပြီး ပြောလာတာဖြစ်ပါတယ်။မောင့်ရဲ့အစ်မအရင်းဖြစ်တဲ့ နန္ဒာလှိုင်ကတော့ မောင့်ရဲ့ Pre Wedding ဓာတ်ပုံနဲ့ ပက်သတ်ပြီး ဘာကိုမှပြောဆိုခြင်းမရှိပေမယ့် ယောက်ဖဖြစ်တဲ့ ဇေသီဟကတော့ မောင့်ဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့တာပဲဖြစ်ပါတယ်။
Source: Zay Thiha’s fb
Credit;Myanmar Celebrities