သူမရဲ႕အိမ္ကပစၥည္းေတြကို ခိုးယူသြားေသာ အိမ္ေဖာ္သူခိုးလင္မယားကို မိၿပီျဖစ္ေၾကာင္း အသိေပးလာတဲ့ ဖူးပြင့္သခင္

Posted on

သူမရဲ႕အိမ္ကပစၥည္းေတြကို ခိုးယူသြားေသာ အိမ္ေဖာ္သူခိုးလင္မယားကို မိၿပီျဖစ္ေၾကာင္း အသိေပးလာတဲ့ ဖူးပြင့္သခင္

ရန္ကုန္ၿမိဳ့၊ ေျမာက္ဒဂုံၿမိဳ့နယ္ရွိ သ႐ုပ္ေဆာင္ ဖူးပြင့္သခင္၏ေနအိမ္ ဒီဇင္ဘာ ၂၀ ရက္က ေဖာက္ထြင္းခံရၿပီး လက္ဝတ္ ရတနာမ်ား အပါအဝင္ အိမ္အတြင္းရွိ ပရိေဘာဂပစၥည္းမ်ား၊ အဝတ္အထည္ မ်ားပါ ခိုးယူခံခဲ့ရေၾကာင္း ငိုယိုကာ Live လြင့္ၿ႔ပီးအကူအညီေတာင္းခံ လာခဲ့ပါတယ္။ ေနအိမ္ ေဖာက္ထြင္း ခံရမွုအား ဖူးပြင့္သခင္ အေနျဖင့္ ဒီဇင္ဘာ ၂၁ ရက္ ညပိုင္း အိမ္ျပန္ေရာက္သည့္ အခ်ိန္မွ သိခဲ့ရျခင္းျဖစ္ၿပီး စုစုေပါင္း တန္ဖိုး က်ပ္သိန္း ၂၀၀ ခန႔္ ပါသြားေၾကာင္း ဖူးပြင့္သခင္က ေျပာသည္။

ခရီးသြားေနစဥ္ အတြင္း ေနအိမ္တြင္ အလုပ္လုပ္ေနသည့္ အိမ္အကူ ဇနီးေမာင္ႏွံ ႏွစ္ဦးမွ ေသာ့အတုမ်ားျဖင့္ အခန္းတံခါးမ်ား၊ ေသတၱာမ်ား၊ ဗီရိုမ်ားအား ရိုက္ဖြင့္ကာ ပစၥည္းမ်ား ယူေဆာင္သြားတာျဖစ္ပါတယ္။ ယေန႔မနက္တြင္ ထန္းတပင္ၿမိဳ႔နယ္တြင္ လင္မယားႏွစ္ေယာက္စလံုးအားလက္ရဖမ္းဆီးရ မိၿၿပီျဖစ္ေၾကာင္းနဲ႔ ပစၥည္းေတြေတာ့ အစံုအလင္ျပန္မရေသးေၾကာင္းေရးသားလာပါတယ္..

အားလုံးရဲ႕ဝိုင္းဝန္းကူညီေစာင့္ေရွာက္ေပးမႈေၾကာင့္ ပစၥည္းမ်ားခိုးယူသယ္ေဆာင္သြားေသာ သူခိုးလင္မယားႏွစ္ေယာက္အား 22.12.2021 ရက္ေန႔ ထန္းတပင္ၿမိဳ႕တြင္ ဖမ္းစီးရမိခဲ့ပါတယ္။ အစအဆုံးလိုက္ပါေဆာင္႐ြက္ကူညီေစာင့္ေရွာက္ေပးၾကသူမ်ားအားလုံးႏွင့္သူခိုးလင္မယားအားေတြ႕ရွိေၾကာင္းလာေရာက္ သတင္းေပးၾကသူမ်ားအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္ 🥺🥺🙏🙏 Facebook ကေနသတင္းေမးၾကေသာ မိတ္ေဆြသူငယ္ခ်င္းမ်ားအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။

စိတ္ဆင္းရဲပီး စိုးရိမ္ပူပင္ ေသာက ေရာက္ေနတဲ့အခ်ိန္တစ္ေယာက္ခ်င္းစီ စာမျပန္ႏိုင္မိတဲ့အတြက္လည္းအားလုံး ကိုေတာင္းပန္ပါတယ္ရွင္။ ေက်းဇူးတင္ထိုက္သူမ်ားအားလုံးကိုအထူးပင္ေက်းဇူးတင္ပါတယ္ရွင္။ပစၥည္းမ်ားကေတာ့ အကုန္လုံးျပန္လည္မရရွိေသးပါဘူး စုံစမ္းစစ္ေဆးေမးျမန္းေနဆဲပါလို႔ ေျပာျပလာခဲ့ တာျဖစ္ပါတယ္ေနာ္။

source : Phoo Pwint Thakhin

Credit

သူမရဲ့အိမ်ကပစ္စည်းတွေကို ခိုးယူသွားသော အိမ်ဖော်သူခိုးလင်မယားကို မိပြီဖြစ်ကြောင်း အသိပေးလာတဲ့ ဖူးပွင့်သခင်

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ သရုပ်ဆောင် ဖူးပွင့်သခင်၏နေအိမ် ဒီဇင်ဘာ ၂၀ ရက်က ဖောက်ထွင်းခံရပြီး လက်ဝတ် ရတနာများ အပါအဝင် အိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများ၊ အဝတ်အထည် များပါ ခိုးယူခံခဲ့ရကြောင်း ငိုယိုကာ Live လွင့်ြ့ပီးအကူအညီတောင်းခံ လာခဲ့ပါတယ်။ နေအိမ် ဖောက်ထွင်း ခံရမှုအား ဖူးပွင့်သခင် အနေဖြင့် ဒီဇင်ဘာ ၂၁ ရက် ညပိုင်း အိမ်ပြန်ရောက်သည့် အချိန်မှ သိခဲ့ရခြင်းဖြစ်ပြီး စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၀၀ ခန့် ပါသွားကြောင်း ဖူးပွင့်သခင်က ပြောသည်။

ခရီးသွားနေစဉ် အတွင်း နေအိမ်တွင် အလုပ်လုပ်နေသည့် အိမ်အကူ ဇနီးမောင်နှံ နှစ်ဦးမှ သော့အတုများဖြင့် အခန်းတံခါးများ၊ သေတ္တာများ၊ ဗီရိုများအား ရိုက်ဖွင့်ကာ ပစ္စည်းများ ယူဆောင်သွားတာဖြစ်ပါတယ်။ ယနေ့မနက်တွင် ထန်းတပင်မြို့နယ်တွင် လင်မယားနှစ်ယောက်စလုံးအားလက်ရဖမ်းဆီးရ မြိပြီဖြစ်ကြောင်းနဲ့ ပစ္စည်းတွေတော့ အစုံအလင်ပြန်မရသေးကြောင်းရေးသားလာပါတယ်..

အားလုံးရဲ့ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးမှုကြောင့် ပစ္စည်းများခိုးယူသယ်ဆောင်သွားသော သူခိုးလင်မယားနှစ်ယောက်အား 22.12.2021 ရက်နေ့ ထန်းတပင်မြို့တွင် ဖမ်းစီးရမိခဲ့ပါတယ်။ အစအဆုံးလိုက်ပါဆောင်ရွက်ကူညီစောင့်ရှောက်ပေးကြသူများအားလုံးနှင့်သူခိုးလင်မယားအားတွေ့ရှိကြောင်းလာရောက် သတင်းပေးကြသူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် 🥺🥺🙏🙏 Facebook ကနေသတင်းမေးကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

စိတ်ဆင်းရဲပီး စိုးရိမ်ပူပင် သောက ရောက်နေတဲ့အချိန်တစ်ယောက်ချင်းစီ စာမပြန်နိုင်မိတဲ့အတွက်လည်းအားလုံး ကိုတောင်းပန်ပါတယ်ရှင်။ ကျေးဇူးတင်ထိုက်သူများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ပစ္စည်းများကတော့ အကုန်လုံးပြန်လည်မရရှိသေးပါဘူး စုံစမ်းစစ်ဆေးမေးမြန်းနေဆဲပါလို့ ပြောပြလာခဲ့ တာဖြစ်ပါတယ်နော်။

source : Phoo Pwint Thakhin

Credit