သူ႕မွာရွိတဲ့ လက္စြပ္ေလးကို ေပါင္ႏွံၿပီး စစ္ေဘးေရွာင္ျပည္သူေတြကို အ၀တ္အထည္ေတြလွဴဒါန္းခဲ့တဲ့ ဇာတ္ပို႕သ႐ုပ္ေဆာင္ ေဒါင္းေ၀
သရုပ္ေဆာင္ေဒါင္းေဝ ကေတာ့ ရုပ္ရွင္နဲ့ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွထားတာ ပဲျဖစ္ပါတယ္။ သရုပ္ေဆာင္ျခင္းအျပင္ အဆိုေတာ္ တစ္ေယာက္အျဖစ္လည္း သီခ်င္းေတြကိုသီဆိုေနတဲ့ ေဒါင္းေဝဟာ ေတးသီခ်င္းေတြကိုလည္း ပရိသတ္ေတြဆီခ်ျပေနတာပဲျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေဒါင္းေဝဟာ သူဝါသနာပါတဲ့ အနုပညာအလုပ္ေတြကိုလုပ္ကိုင္ရင္း ေနြဦးေတာ္လွန္ေရးအတြက္ တစ္ဖက္တစ္လမ္းကေန ကူညီေပးေနတဲ့ အနုပညာရွင္တစ္ေယာက္ပါပဲ။
ကရင္ျပည္နယ္မွာ ျပည္သူေပါင္း ေထာင္ခ်ီနီးပါး စစ္ေဘးေရွာင္ေနရတယ္ ဆိုတဲ့ သတင္းၾကားသိရတဲ့အခ်ိ္န္မွာ ေဒါင္းေဝဟာ သူတတ္နိုင္တဲ့အင္အားနဲ့ ျပည္သူေတြအတြက္ လွဴဒါန္းေပးခဲ့ေၾကာင္း ” သားလက္စြပ္ကေလးေပါင္ျပီး ေစာင္နဲ႔ခေလးလူႀကီးဝတ္အေႏြးထည္ေတြႏိုင္သေလာက္ဝယ္ပို႔လႉလိုက္ပါတယ္ အမိုး 😢ေႏြးေထြးၾကပါေစေနာ္ ေဘးရန္ကင္းၾကပါေစ 🙏🙏🙏” ဆိုျပီး ေဒါင္းေဝက သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ပရိသတ္ေတြကို ေျပာလာပါတယ္။
ေဒါင္းေဝ ကေတာ့ ျပည္သူထဲကျပည္သူ တစ္ေယာက္ပီပီ သူပိုင္ဆိုင္ထားတဲ့ လက္စြပ္ေလးကို အေပါင္ဆိုင္မွာေပါင္ျပီး စစ္ေဘးေရွာင္ျပည္သူေတြနဲ့ ေစာင္နဲ့အေနြးထည္ေတြလွဴဒါန္းခဲ့တာ ေလးစားဖြယ္ စိတ္ထားေလးပါပဲေနာ္။
Source: Daung Wai ‘s fb
Credit:Myanmar Celebrities
သူ့မှာရှိတဲ့ လက်စွပ်လေးကို ပေါင်နှံပြီး စစ်ဘေးရှောင်ပြည်သူတွေကို အဝတ်အထည်တွေလှူဒါန်းခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါင်းဝေ
သရုပ်ဆောင်ဒေါင်းဝေ ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ခြင်းအပြင် အဆိုတော် တစ်ယောက်အဖြစ်လည်း သီချင်းတွေကိုသီဆိုနေတဲ့ ဒေါင်းဝေဟာ တေးသီချင်းတွေကိုလည်း ပရိသတ်တွေဆီချပြနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါင်းဝေဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း နွေဦးတော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။
ကရင်ပြည်နယ်မှာ ပြည်သူပေါင်း ထောင်ချီနီးပါး စစ်ဘေးရှောင်နေရတယ် ဆိုတဲ့ သတင်းကြားသိရတဲ့အချိ်န်မှာ ဒေါင်းဝေဟာ သူတတ်နိုင်တဲ့အင်အားနဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့ကြောင်း ” သားလက်စွပ်ကလေးပေါင်ပြီး စောင်နဲ့ခလေးလူကြီးဝတ်အနွေးထည်တွေနိုင်သလောက်ဝယ်ပို့လှူလိုက်ပါတယ် အမိုး 😢နွေးထွေးကြပါစေနော် ဘေးရန်ကင်းကြပါစေ 🙏🙏🙏” ဆိုပြီး ဒေါင်းဝေက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်တွေကို ပြောလာပါတယ်။
ဒေါင်းဝေ ကတော့ ပြည်သူထဲကပြည်သူ တစ်ယောက်ပီပီ သူပိုင်ဆိုင်ထားတဲ့ လက်စွပ်လေးကို အပေါင်ဆိုင်မှာပေါင်ပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ စောင်နဲ့အနွေးထည်တွေလှူဒါန်းခဲ့တာ လေးစားဖွယ် စိတ်ထားလေးပါပဲနော်။
Source: Daung Wai ‘s fb
Credit:Myanmar Celebrities