သူမကို အိမ္ေထာင္ျပဳဖူးတယ္လို႕ ေျပာတဲ့သူမ်ားကို ပြင့္ပြင့္လင္းလင္းျပန္လည္ေျဖရွင္းလာတဲ့ ဇာတ္ပို႕သ႐ုပ္ေဆာင္ ပြင့္

Posted on

သူမကို အိမ္ေထာင္ျပဳဖူးတယ္လို႕ ေျပာတဲ့သူမ်ားကို ပြင့္ပြင့္လင္းလင္းျပန္လည္ေျဖရွင္းလာတဲ့ ဇာတ္ပို႕သ႐ုပ္ေဆာင္ ပြင့္

သ႐ုပ္ေဆာင္ ပြင့္ကေတာ့ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေပါက္ေလးနဲ႔ ဝဝၿဖိဳးၿဖိဳးခႏၶာကိုယ္ေၾကာင့္ ပရိသတ္ေတြခ်စ္ရသူတစ္ေယာက္ပါပဲ။ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ပြင့္က ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္တစ္ေယာက္ပီပီ ေကာလဟာလဒဏ္ေတြကို ခံရေလ့ရွိတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ပြင့္က သူမကိုအိမ္ေထာင္က်ဖူးတယ္ဆိုၿပီး သြားပုပ္ေလလြင့္ေျပာၾကသူေတြရဲ့ စကားကို အခုလိုပဲေျဖရွင္းလာတာကို ေတြ႕ရပါတယ္။

ပြင့္က “စမီးကအပ်ိဳေလး ခုမွ၁၆ႏွစ္ျပည့္…😍 ပြင့္ယခုအခ်ိန္ထိအိမ္ေထာင္မျပဳခဲ့_ေယာက်္ားမယူခဲ့ဖူးပါ 💥ပြင့္အင္တာဗ်ဴးေတြမွာေရာ ပြင့္ဒီpageမွာေရာ အႀကိမ္ႀကိမ္ရွင္းရတာေမာေနၿပီ။ပြင့္က အႏုပညာရွင္တေယာက္မို႔ တျခားမင္းသားမင္းသမီးမ်ားစြာနဲ႔အတူမဂ္လာဝတ္စုံ ရွိုးပြဲမွာ သတို႔သမီးဝတ္စုံနဲ႔ရွိုးပြဲေလၽွာက္ေပးတုန္းကပုံကို page(ေပ့ခ်္)အတုေယာင္တခုကသူ႔pageနာမည္ႀကီးခ်င္လို႔ လုပ္ႀကံဇာတ္လမ္းဆင္ၿပီးေရးတယ္ဆိုတာ။ပြင့္ယခုအခ်ိန္ထိအိမ္ေထာင္မျပဳခဲ့/ေယာက်္ားမယူခဲ့ဖူးပါ။ဤမွန္ေသာသစၥာစကားေၾကာင့္ သူမ်ားသမီးပ်ိဳကို သြားပုပ္ေလလြင့္ လုပ္ႀကံေျပာဆိုတဲ့pageအတုေယာင္ႏွင့္တကြ တမင္သိသိႀကီးနဲ႔လုပ္ႀကံေျပာဆိုတဲ့သူေတြအားလုံး ကံတူအက်ိဳးေပးပါေစ။” ဆိုၿပီး ေျဖရွင္းလာတာပဲျဖစ္ပါတယ္။

ပြင့္ကေတာ့ အခုဆိုရင္ အသက္အရြယ္တစ္ခုေရာက္ရွိေနၿပီဆိုေပမယ့္ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္းအပ်ိဳႀကီးအျဖစ္ ရပ္တည္ေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပြင့္ရဲ့အိမ္ေထာင္က်ဖူးတယ္ဆိုတဲ့ ေကာလဟာလနဲ႔ပက္သတ္ၿပီး ရွင္းရွင္းလင္းလင္းသိသြားေလာက္ၿပီထင္ပါတယ္ေနာ္။

Source: Pwint’s fb
Credit:Myanmar Celebrities

သူမကို အိမ်ထောင်ပြုဖူးတယ်လို့ ပြောတဲ့သူများကို ပွင့်ပွင့်လင်းလင်းပြန်လည်ဖြေရှင်းလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ပွင့်

သရုပ်ဆောင် ပွင့်ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးနဲ့ ဝဝဖြိုးဖြိုးခန္ဓာကိုယ်ကြောင့် ပရိသတ်တွေချစ်ရသူတစ်ယောက်ပါပဲ။ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပွင့်က အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ပီပီ ကောလဟာလဒဏ်တွေကို ခံရလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပွင့်က သူမကိုအိမ်ထောင်ကျဖူးတယ်ဆိုပြီး သွားပုပ်လေလွင့်ပြောကြသူတွေရဲ့ စကားကို အခုလိုပဲဖြေရှင်းလာတာကို တွေ့ရပါတယ်။

ပွင့်က “စမီးကအပျိုလေး ခုမှ၁၆နှစ်ပြည့်…😍 ပွင့်ယခုအချိန်ထိအိမ်ထောင်မပြုခဲ့_ယောကျ်ားမယူခဲ့ဖူးပါ 💥ပွင့်အင်တာဗျူးတွေမှာရော ပွင့်ဒီpageမှာရော အကြိမ်ကြိမ်ရှင်းရတာမောနေပြီ။ပွင့်က အနုပညာရှင်တယောက်မို့ တခြားမင်းသားမင်းသမီးများစွာနဲ့အတူမဂ်လာဝတ်စုံ ရှိုးပွဲမှာ သတို့သမီးဝတ်စုံနဲ့ရှိုးပွဲလျှောက်ပေးတုန်းကပုံကို page(ပေ့ချ်)အတုယောင်တခုကသူ့pageနာမည်ကြီးချင်လို့ လုပ်ကြံဇာတ်လမ်းဆင်ပြီးရေးတယ်ဆိုတာ။ပွင့်ယခုအချိန်ထိအိမ်ထောင်မပြုခဲ့/ယောကျ်ားမယူခဲ့ဖူးပါ။ဤမှန်သောသစ္စာစကားကြောင့် သူများသမီးပျိုကို သွားပုပ်လေလွင့် လုပ်ကြံပြောဆိုတဲ့pageအတုယောင်နှင့်တကွ တမင်သိသိကြီးနဲ့လုပ်ကြံပြောဆိုတဲ့သူတွေအားလုံး ကံတူအကျိုးပေးပါစေ။” ဆိုပြီး ဖြေရှင်းလာတာပဲဖြစ်ပါတယ်။

ပွင့်ကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပွင့်ရဲ့အိမ်ထောင်ကျဖူးတယ်ဆိုတဲ့ ကောလဟာလနဲ့ပက်သတ်ပြီး ရှင်းရှင်းလင်းလင်းသိသွားလောက်ပြီထင်ပါတယ်နော်။

Source: Pwint’s fb
Credit:Myanmar Celebrities