
Posted on





Source:ZarZarHtet
Credit-CeleChitThu

သူမကို ချစ်သူရှိနေပြီလားလို့ မေးလာတဲ့သူတွေကို ပြတ်ပြတ်သားသားပြန်လည်တုံ့ပြန်လိုက်တဲ့ ဇာဇာထက်

ပရိသတ်ကြီးရေ ဇာဇာထက် ကတော့ ဆက်ဆီမော်ဒယ်လ်တစ်​ယောက် အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေသူတစ်ဦးပါ။မော်ဒယ်လ်ကိုဝါသနာပါလို့လုပ်ကိုင်ခဲ့ပေမယ့် အခုချိန်မှာ​Live saleလေးတွေလွှင့်ကာ ရောင်းချလျက်ရှိတဲ့အပြင် OnlineShop လည်းကိုယ်တိုင်ဦးစီ းလုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့”ကျွန်မကြိုက်တဲ့ သူနဲ့တွဲမယ် ကျွန်မကြိုက်သလိုနေမယ် ကျွန်မအလုပ်ကျွန်မ ဆက်လုပ်နေမယ်ဆိုရင် ဒါဟာကျွန်မပါစင်နယ်ပါ ဘယ်သူမှဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး😍”ဆိုတဲ့စာလေးကိုတင်လိုက်ပြီးတဲ့နောက်မှာဇာဇာထက် တစ်ယောက်အချစ်သစ်ကိုတွေ့နေပြီလားလို့ပရိသတ်တွေ မိတ်ဆွေတွေကမေးခွန်းထုတ်လာခဲ့ကြပါ။

ဒီနေ့ မှာတော့”မနေ့ကရေးတဲ့ စာမှာ ချစ်ခင်တဲ့သူတွေကသာ အထင်ကြီးနေကြတာ အလုပ်တစ်ဖက်နဲ့ကိုယ့်အချိန်နဲ့ ကိုယ်တောင်မလောက်လို့ အချစ်ရေးဘက် ခြေဦးမလှည့်နိုင်သေးပါဘူး❤️”ဆိုတဲ့စာလေးနဲ့ သူမရဲ့ အချစ်ရေးကိုစိတ်ဝင်စားနေတဲ့ သူတွေကို ပွင့်လင်းစွာ ပြောပြခဲ့တာပါ။

Source:ZarZarHtet
Credit-CeleChitThu