မဂၤလာမေဆာင္ခင္ကစိတ္ကူးထားသလို ျဖစ္မလာဘဲ အခုလက္ရွိႏွစ္ပတ္လည္ေန႔ေလးမွာ ျဖတ္သန္းေနရတဲ့ ဘ၀ကိုေျပာျပလာတဲ့ ေအာင္ျမင့္ျမတ္

Posted on

မဂၤလာမေဆာင္ခင္ကစိတ္ကူးထားသလို ျဖစ္မလာဘဲ အခုလက္ရွိႏွစ္ပတ္လည္ေန႔ေလးမွာ ျဖတ္သန္းေနရတဲ့ ဘ၀ကိုေျပာျပလာတဲ့ ေအာင္ျမင့္ျမတ္

ဥပါယ္တံမ်ဥ္႐ုပ္႐ုပ္ ဇာတ္ကားထဲက သိန္းစိုးဇာတ္႐ုပ္နဲ႔ ပရိသတ္ေတြရဲ့ရင္ထဲကို စတင္ေရာက္ရွိခဲ့တဲ့ ေအာင္ျမင့္ျမတ္ ကေတ့ာ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈ႔ကိုအခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေအာင္ျမင့္ျမတ္က ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရဲရဲဝင့္ဝင့္ရပ္တည္ခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္ကေန ပုဒ္မ ၅၀၅ (က)နဲ႔တရားစြဲဆိုခံထားရၿပီး လက္ရွိမွာလြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေန တာပဲျဖစ္ပါတယ္။လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ ေအာင္ျမင့္ျမတ္ကေတာ့သူခ်စ္ရတဲ့ ဇနီးေလးနဲ႔ မႏွစ္က ဒီဇင္ဘာ ၂၀ ရက္ေန႔မွာ မဂၤလာေဆာင္ခဲ့တာ ျဖစ္ၿပီး ဒီေန႔မွာေတာ့ မဂၤလာႏွစ္ပတ္လည္ (၁) ႏွစ္ျပည့္သြားခဲ့တာပဲ ျဖစ္ပါတယ္။

မဂၤလာမေဆာင္ခင္က စိတ္ကူးထား သလို ျဖစ္မလာဘဲ အခုလက္ရွိႏွစ္ပတ္လည္ေန႔ေလးမွာ ေအာင္ျမင့္ျမတ္တို႔ လင္မယားႏွစ္ေယာက္ လုံးက ေတာထဲေရာက္ေနၾကတဲ့ ပုံေလးကို တင္ထားတာပဲ ျဖစ္ပါတယ္။ ဘာျဖစ္လာမလဲဆိုၿပီး ႀကိဳတင္ခန႔္မွန္းလို႔မရတဲ့ ေလာကႀကီးမွာ ေနာင္သူတို႔ ဇနီးေမာင္ႏွံရဲ့ ႏွစ္ႏွစ္ျပည့္ သုံးႏွစ္ျပည့္ Anniversary ေတြက်ရင္ေရာဘယ္လိုပုံေတြတင္ျဖစ္မလဲဆိုၿပီး ရင္ခုန္ေနၾကပါေသးတယ္။ သူခ်စ္ရတဲ့ ဇနီးေလးက သူ႔ကိုဘာမွမေျပာတဲ့အျပင္ သူ႔ေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္လာဆိုတဲ့ အေၾကာင္းေလးကို ” 20.12.20 မွာ မဂၤလာေဆာင္တယ္..မညားခင္ေတာ့ ညားၿပီးရင္
ဘယ္လိုထားမယ္ ညာလိုထားမယ္ဟိုဟာ ဝယ္ေပးမယ္ ဒီဟာဝယ္ေပးမယ္ ေပါ့..ဒီေန႔ 20.12.21 မွာ တစ္ႏွစ္လဲျပည့္ေရာ ေဘာလုံးေဘာင္းဘီနဲ႔ ေတာထဲေရာက္ေနၾကၿပီ 😅😅😅သူကလဲ ဘာမွမေျပာပါဘူးေကာက္ေကာက္ေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္လာတာပါပဲ..

မဂၤလာပြဲက ရိုက္ထားတဲ့ ဓာတ္ပုံေတြေတာင္ စုံေအာင္မတင္လိုက္ရပါဘူး မေက်နပ္ခ်က္ေတြ နာတဲ့စိတ္ေတြနဲ႔ ထြက္လာၾကတာမဂၤလာေဆာင္ၿပီးတာေတာင္ တစ္ႏွစ္ျပည့္သြားပါေရာ…ေနာက္ပိုင္း ႏွစ္ႏွစ္ျပည့္ သုံးႏွစ္ျပည့္ အထိမ္းအမွတ္ေတြက်ရင္ေတာ့ ဘယ္လိုပုံေတြတင္ျဖစ္မလဲဆိုၿပီး ရင္ခုန္မိပါေသးတယ္ …. ” ဆ္ိုၿပီး သူ႔ရဲ့ လူမႈကြန္ယက္ထက္မွာ ေရးသားထားတာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြအကုန္လုံးကလည္း သူတို႔ဇနီးေမာင္ႏွံ ႏွစ္ေယာက္လုံးအတြက္ ဂုဏ္ယူေနၾကၿပီး ေဘးကင္းဖို႔ ဝိုင္းဆုေတာင္းေပးေနၾကတာပဲ ျဖစ္ပါတယ္။

Source : Aung Myint Myat
Credit:Cele World

မင်္ဂလာမဆောင်ခင်ကစိတ်ကူးထားသလို ဖြစ်မလာဘဲ အခုလက်ရှိနှစ်ပတ်လည်နေ့လေးမှာ ဖြတ်သန်းနေရတဲ့ ဘဝကိုပြောပြလာတဲ့ အောင်မြင့်မြတ်

ဥပါယ်တံမျဉ်ရုပ်ရုပ် ဇာတ်ကားထဲက သိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကို စတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတေ့ာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကိုအခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင့်မြတ်က ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာရောက်ရှိနေ တာပဲဖြစ်ပါတယ်။လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အောင်မြင့်မြတ်ကတော့သူချစ်ရတဲ့ ဇနီးလေးနဲ့ မနှစ်က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ မင်္ဂလာနှစ်ပတ်လည် (၁) နှစ်ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။

မင်္ဂလာမဆောင်ခင်က စိတ်ကူးထား သလို ဖြစ်မလာဘဲ အခုလက်ရှိနှစ်ပတ်လည်နေ့လေးမှာ အောင်မြင့်မြတ်တို့ လင်မယားနှစ်ယောက် လုံးက တောထဲရောက်နေကြတဲ့ ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လာမလဲဆိုပြီး ကြိုတင်ခန့်မှန်းလို့မရတဲ့ လောကကြီးမှာ နောင်သူတို့ ဇနီးမောင်နှံရဲ့ နှစ်နှစ်ပြည့် သုံးနှစ်ပြည့် Anniversary တွေကျရင်ရောဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်နေကြပါသေးတယ်။ သူချစ်ရတဲ့ ဇနီးလေးက သူ့ကိုဘာမှမပြောတဲ့အပြင် သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်လာဆိုတဲ့ အကြောင်းလေးကို ” 20.12.20 မှာ မင်္ဂလာဆောင်တယ်..မညားခင်တော့ ညားပြီးရင်
ဘယ်လိုထားမယ် ညာလိုထားမယ်ဟိုဟာ ဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပေါ့..ဒီနေ့ 20.12.21 မှာ တစ်နှစ်လဲပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြပြီ 😅😅😅သူကလဲ ဘာမှမပြောပါဘူးကောက်ကောက်နောက်ကို ကောက်ကောက်ပါအောင်လိုက်လာတာပါပဲ..

မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင် စုံအောင်မတင်လိုက်ရပါဘူး မကျေနပ်ချက်တွေ နာတဲ့စိတ်တွေနဲ့ ထွက်လာကြတာမင်္ဂလာဆောင်ပြီးတာတောင် တစ်နှစ်ပြည့်သွားပါရော…နောက်ပိုင်း နှစ်နှစ်ပြည့် သုံးနှစ်ပြည့် အထိမ်းအမှတ်တွေကျရင်တော့ ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်မိပါသေးတယ် …. ” ဆ်ိုပြီး သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအကုန်လုံးကလည်း သူတို့ဇနီးမောင်နှံ နှစ်ယောက်လုံးအတွက် ဂုဏ်ယူနေကြပြီး ဘေးကင်းဖို့ ဝိုင်းဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။

Source : Aung Myint Myat
Credit:Cele World