Source: Dr. မြဝတ်ရည် ‘ fb
သူမအခုလို လိပ်ပြာသန့်သန့်နဲ့ ဓမ္မဘက်မှာရပ်တည်နိုင်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ ဒေါက်တာမြဝတ်ရည်
ဒေါက်တာမြဝတ်ရည် ကတော့ အပြောအဆိုပြတ်သားပြီး မှန်ရာကိုရဲရဲဝံ့ဝံ့လုပ်ကိုင်သူ တစ်ယောက်အဖြစ် လူသိများသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း လူမမယ်အရွယ်သမီးလေးတစ်ဖက်နဲ့တောင် ဓမ္မနဲ့ရပ်တည်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်ဟာ သူမရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ လိပ်ပြာသန့်သန့်နဲ့ရှေ့ဆက်နိုင်တာ သမီးလေးကြောင့်လို့ ဆိုလာပါတယ်။
ဒေါက်တာမြဝတ်ရည်က “တော်လှန်ရေးကာလ တစ်လျှောက်လုံး အာဏာရှင်ကို ဆန့်ကျင်ခဲ့ရာမှာ ကိုယ့်လူတွေ ကျဆုံး ဆုံရှုံးရတိုင်း ကျတတ်လွန်းတဲ့ စိတ်တွေကို ပြန်ကောက်တင်ပြီး အားတင်းနေရတာ သမီးလေးကြောင့်ပါပဲ 💪 သမီးလေးကြောင့် ဓမ္မဘက်မှာပဲ ရပ်တည်ပြီး လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်နိုင်ခဲ့တာပါပဲ။ တစ်နေ့ကျရင်တော့ ခက်ခဲမှုတွေ အတွေ့အကြုံတွေ ပြောခွင့်ရချင်ပါသေးတယ် ❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။
ဒေါက်တာမြဝတ်ရည်ကတော့ သမီးလေး တစ်ဖက်နဲ့ ဓမ္မဘက်မှာရပ်တည်ရင်း သူမရဲ့သမိုင်းကို လိပ်ပြာသန့်သန့်ရေးသားနေသူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော် ဒေါက်တာမြဝတ်ရည်တစ်ယောက် ဘေးအန္တရာယ်ကင်းရှင်းပါစေနော်။
Source: Dr. မြဝတ်ရည် ‘ fb
Credit:Myanmar Celebrities