လြန္ခဲ့တဲ့ရက္ပိုင္းက စားေသာက္ဆိုင္ေၾကာ္ျငာတစ္ခုကို ေဖ့ဘြတ္ေပ့ခ်္မွာတင္ခဲ့လို႕ ပရိသတ္ေတြရဲ႕ေ၀ဖန္မႈခံရတဲ့အေပၚ ျပန္လည္တံုျပန္လိုက္တဲ့ ေန၀င္း

Posted on

လြန္ခဲ့တဲ့ရက္ပိုင္းက စားေသာက္ဆိုင္ေၾကာ္ျငာတစ္ခုကို ေဖ့ဘြတ္ေပ့ခ်္မွာတင္ခဲ့လို႕ ပရိသတ္ေတြရဲ႕ေ၀ဖန္မႈခံရတဲ့အေပၚ ျပန္လည္တံုျပန္လိုက္တဲ့ ေန၀င္း

Snare အဖြဲ႕က အဆိုေတာ္ေနဝင္း ကေတာ့ သူ႔ရဲ့ ခ်စ္ဇနီး အိမ့္ခ်စ္ေခ်ာနဲ႔ အတူတူ ခရီးသြား ဘေလာ့ေတြနဲ႔ ေၾကာ္ျငာေတြ ကို သူတို႔ရဲ့ Page ကေန ေရးသားေပးျဖစ္ေနတာပဲျဖစ္ပါတယ္။ ဒီကေန႔ မွာေတာ့ ေနဝင္းက လြန္ခဲ့တဲ့ရက္ပိုင္းက စားေသာက္ဆိုင္ေၾကာ္ျငာတစ္ခုကို သူတို႔ရဲ့ေဖ့စ္ဘုတ္ေပ့ခ်္ကေန တင္ခဲ့ရာ ျပည္သူေတြဒုကၡေရာက္ေနတာေတာင္ အစားအေသာက္၊ အသြားအလာမပ်က္တာေၾကာင့္ Boycott လုပ္သင့္တယ္ဆိုၿပီး ပရိသတ္အခ်ိဳ႕ရဲ့ေဝဖန္ျခင္းကိုခံခဲ့ရပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး ေနဝင္းက သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန အခုလိုပဲ ေျပာလာပါတယ္။

“အလုပ္လုပ္လို႔မရတဲ့ ကၽြန္ေတာ္တို႔ ဘဝေတြ၊ သူေဌးေတြ လို႔ ထင္ခံေနရတဲ့ ကၽြန္ေတာ္တို႔ ဘဝေတြ၊ ကိုယ့္ေပါင္ကိုယ္လွံ့ေထာင္း ရေတာ့မယ့္ ကၽြန္ေတာ္တို႔ဘဝေတြ၊ ဘူမသိကိုးမသိပဲ ေတာင္ေျပာေျမာက္ေျပာ ေျပာခံရတဲ့ ကၽြန္ေတာ္ တို႔ ဘဝေတြ၊ ကၽြန္ေတာ္တို႔လဲ ျပည္သူပါပဲလို႔ အျမဲ ေျပာေနရတဲ့ကၽြန္ေတာ္တို႔ ဘဝေတြ။ ကၽြန္ေတာ္တို႔လဲ ေပ်ာ္ေနတာမွမဟုတ္တာ။ boycott company ေတြနဲ႔လဲ အလုပ္လုပ္ေနတာ မဟုတ္ဘူး။ တသက္လုံးလဲမလုပ္ဘူး။ ကၽြန္ေတာ္တို႔ ခရီးေတြသြားၿပီး အလွပုံ အေပ်ာ္ပုံေတြ တင္ေနတာမွမဟုတ္တာ။ စားေသာက္ဆ္ုင္ေၾကာ္ျငာေလဗ်ာ။ boycott မဟုတ္တဲ့ local လုပ္ငန္းေတြ တျခားေၾကာ္ျငာေလးေတြေတာ့ လုပ္လို႔မရဘူးလားဗ်။”

“ဒီခရီးႀကီးက အခ်ိန္တစ္ခုထိ အားလုံးအတူတူ သြားရမွာေလ။ ကၽြန္ေတာ္တို႔လဲ အလုပ္ေလး နည္းနည္းပါးပါးေတာ့ လုပ္မွရမွာေပါ့။ စကစရဲ့ အဖမ္းေတာ့ မခံခ်င္လို႔ ေနာက္ပိုင္းေတာ့ speakout မလုပ္ျဖစ္တာဗ်ာ။ ဒါေပမယ့္ကိုယ္တတ္နိုင္တာေတာ့ အျမဲလစဥ္လုပ္တယ္ဗ်ာ။ အက်ယ္တဝင့္ေတာ့မရွင္းျပေတာ့ဘူး။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ခရိုနီ လဲမဟုတ္ဘူူး / ဒလန္မဟုတ္ဘူူး / ေဘာမလဲ မဟုတ္ဘူး။ ကၽြန္ေတာ္ Nay Win အမွန္ျခစ္ေလးနဲ႔ ဒီpage ကို ၾကည့္ပါအုံး ဘာေတြလုပ္ထားလဲလို႔။ ဒီထဲမွာ ရွိတဲ့လူေတြလဲ အလုပ္တစ္ခုမဟုတ္တစ္ခုေတာ့ လုပ္ေနၾကတဲ့လူေတြပဲမဟုတ္ဘူးလား။ ကၽြန္ေတာ္တို႔လဲ သာမာန္ လူေတြပါပဲ။ ကၽြန္ေတာ္တို႔က ဒီေပၚမွာလုပ္ရတဲ့သူေတြေလဗ်ာ။”

“လုပ္ရတာလဲ လက္ဆယ္ေခ်ာင္းေတာင္မရွိပါဘူး။ သီခ်င္းသစ္ေတြ တင္ေနတာလဲမဟုတ္ဘူး။ MWD မွာ သီခ်င္းဆိုေနတာလဲမဟုတ္ဘူး။ line ေပၚမွာ ေပ်ာ္ၿပီး ဒြန႔္ျပေနတာလဲမဟုတ္ဘူး။ အလုပ္အတြက္ ဓာတ္ပုံရိုက္တာ အဲ့လိုမရိုက္လို႔ ဘယ္လိုရိုက္ရမလဲ။ အဲ့ဒါမွ cott ခ်င္သပါ့ဆိုရင္ေတာ့ cott ဗ်ာ” ဆိုၿပီး သူ႔ရဲ့ ခံယူခ်က္ကို ပြင့္ပြင့္လင္းလင္းေျပာလာတာပဲျဖစ္ပါတယ္။

Source: Nay Win’ fb
Credit:Myanmar Celebrities

လွန်ခဲ့တဲ့ရက်ပိုင်းက စားသောက်ဆိုင်ကြော်ငြာတစ်ခုကို ဖေ့ဘွတ်ပေ့ချ်မှာတင်ခဲ့လို့ ပရိသတ်တွေရဲ့ဝေဖန်မှုခံရတဲ့အပေါ် ပြန်လည်တုံပြန်လိုက်တဲ့ နေဝင်း

Snare အဖွဲ့က အဆိုတော်နေဝင်း ကတော့ သူ့ရဲ့ ချစ်ဇနီး အိမ့်ချစ်ချောနဲ့ အတူတူ ခရီးသွား ဘလော့တွေနဲ့ ကြော်ငြာတွေ ကို သူတို့ရဲ့ Page ကနေ ရေးသားပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ နေဝင်းက လွန်ခဲ့တဲ့ရက်ပိုင်းက စားသောက်ဆိုင်ကြော်ငြာတစ်ခုကို သူတို့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေ တင်ခဲ့ရာ ပြည်သူတွေဒုက္ခရောက်နေတာတောင် အစားအသောက်၊ အသွားအလာမပျက်တာကြောင့် Boycott လုပ်သင့်တယ်ဆိုပြီး ပရိသတ်အချို့ရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး နေဝင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။

“အလုပ်လုပ်လို့မရတဲ့ ကျွန်တော်တို့ ဘဝတွေ၊ သူဌေးတွေ လို့ ထင်ခံနေရတဲ့ ကျွန်တော်တို့ ဘဝတွေ၊ ကိုယ့်ပေါင်ကိုယ်လှံ့ထောင်း ရတော့မယ့် ကျွန်တော်တို့ဘဝတွေ၊ ဘူမသိကိုးမသိပဲ တောင်ပြောမြောက်ပြော ပြောခံရတဲ့ ကျွန်တော် တို့ ဘဝတွေ၊ ကျွန်တော်တို့လဲ ပြည်သူပါပဲလို့ အမြဲ ပြောနေရတဲ့ကျွန်တော်တို့ ဘဝတွေ။ ကျွန်တော်တို့လဲ ပျော်နေတာမှမဟုတ်တာ။ boycott company တွေနဲ့လဲ အလုပ်လုပ်နေတာ မဟုတ်ဘူး။ တသက်လုံးလဲမလုပ်ဘူး။ ကျွန်တော်တို့ ခရီးတွေသွားပြီး အလှပုံ အပျော်ပုံတွေ တင်နေတာမှမဟုတ်တာ။ စားသောက်ဆ်ုင်ကြော်ငြာလေဗျာ။ boycott မဟုတ်တဲ့ local လုပ်ငန်းတွေ တခြားကြော်ငြာလေးတွေတော့ လုပ်လို့မရဘူးလားဗျ။”

“ဒီခရီးကြီးက အချိန်တစ်ခုထိ အားလုံးအတူတူ သွားရမှာလေ။ ကျွန်တော်တို့လဲ အလုပ်လေး နည်းနည်းပါးပါးတော့ လုပ်မှရမှာပေါ့။ စကစရဲ့ အဖမ်းတော့ မခံချင်လို့ နောက်ပိုင်းတော့ speakout မလုပ်ဖြစ်တာဗျာ။ ဒါပေမယ့်ကိုယ်တတ်နိုင်တာတော့ အမြဲလစဉ်လုပ်တယ်ဗျာ။ အကျယ်တဝင့်တော့မရှင်းပြတော့ဘူး။ ပြီးတော့ ကျွန်တော်တို့ ခရိုနီ လဲမဟုတ်ဘူူး / ဒလန်မဟုတ်ဘူူး / ဘောမလဲ မဟုတ်ဘူး။ ကျွန်တော် Nay Win အမှန်ခြစ်လေးနဲ့ ဒီpage ကို ကြည့်ပါအုံး ဘာတွေလုပ်ထားလဲလို့။ ဒီထဲမှာ ရှိတဲ့လူတွေလဲ အလုပ်တစ်ခုမဟုတ်တစ်ခုတော့ လုပ်နေကြတဲ့လူတွေပဲမဟုတ်ဘူးလား။ ကျွန်တော်တို့လဲ သာမာန် လူတွေပါပဲ။ ကျွန်တော်တို့က ဒီပေါ်မှာလုပ်ရတဲ့သူတွေလေဗျာ။”

“လုပ်ရတာလဲ လက်ဆယ်ချောင်းတောင်မရှိပါဘူး။ သီချင်းသစ်တွေ တင်နေတာလဲမဟုတ်ဘူး။ MWD မှာ သီချင်းဆိုနေတာလဲမဟုတ်ဘူး။ line ပေါ်မှာ ပျော်ပြီး ဒွန့်ပြနေတာလဲမဟုတ်ဘူး။ အလုပ်အတွက် ဓာတ်ပုံရိုက်တာ အဲ့လိုမရိုက်လို့ ဘယ်လိုရိုက်ရမလဲ။ အဲ့ဒါမှ cott ချင်သပါ့ဆိုရင်တော့ cott ဗျာ” ဆိုပြီး သူ့ရဲ့ ခံယူချက်ကို ပွင့်ပွင့်လင်းလင်းပြောလာတာပဲဖြစ်ပါတယ်။

Source: Nay Win’ fb
Credit:Myanmar Celebrities