
Posted on






ချစ်သူလေးဆောင်းယွန်းစံကို သူမဘယ်လောက်ချစ်ကြောင်း ပုံလေးတစ်ပုံနဲ့သက်သေပြလိုက်တဲ့ ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေး

သရုပ်ဆောင် ဆောင်းယွန်းစံနဲ့ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေးတို့ကတော့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်စုံမက်ပြီး ချစ်သူတွေအဖြစ် လူသိရှင်ကြားလက်တွဲနေကြသူတွေပဲဖြစ် ပါတယ်။ LGBT အတွဲလေးအဖြစ် ပရိသတ်တွေက အချစ်ပိုကြတဲ့ ဆောင်းယွန်းစံနဲ့ မေချစ်သွေးတို့ဟာ သူတို့ရဲ့ ကြည်နူးစရာ အခိုက်အတံ့တွေကို မျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။

ချစ်သူတွေဆိုတဲ့အတိုင်း တစ်ယောက်ကို တစ်ယောက် မျက်စိအောက်ကနေ အပျောက် မခံကြတဲ့ ဆောင်းယွန်းစံနဲ့ မေချစ်သွေးတို့ဟာ သူတို့ရဲ့ ကြည်နူးဖွယ် အချိန်တွေကို အမှတ်တရသိမ်းဆည်းလေ့ရှိပါတယ်။ ဒီကနေ့မှာလည်း မေချစ်သွေးက ဆောင်းယွန်းစံနဲ့အတူတူ Video Call ပြောဖြစ်ခဲ့တဲ့ပုံလေးကိုမျှဝေရင်း အမောပြေလေးလို့ ဆိုလာတာကို တွေ့ရပါတယ်။

ဆောင်းယွန်းစံနဲ့ မေချစ်သွေးတို့ ကတော့ အရမ်းကိုလိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း LGBT အတွဲလေးဖြစ်တဲ့ ဆောင်းယွန်းစံနဲ့ မေချစ်သွေးတို့ကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ဆိုတာ သေချာပါတယ်။

Source: May Chit Thway’ fb
Credit:Myanmar Celebrities