
Posted on






Source: Eainy Chit Chaw’s fb
Credit

နေ့စဉ်နေပူမိုးရွာမရှောင် ရေသန့်ဘူးရောင်းနေရတဲ့အဘွားအတွက် အလှူခံလိုက်တာနှစ်ရက်အတွင်း အလှူငွေအများကြီးရရှိခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ အိမ့်ချစ်ချော


Travel Blogger တစ်ယောက်လည်းဖြစ်သလို အဆိုတော်နေဝင်းရဲ့ ချစ်ဇနီးလည်းဖြစ်တဲ့ အိမ့်ချစ်ချေ ာကိုတော့ ပရိသတ်ကြီးအားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အိမ့်ချစ်ချောက ခရီးသွားအကြောင်းအရာတွေရေးသားသူဖြစ်ပေမယ့် လက်ရှိခရီးသွားလာလို့ အဆင်မပြေသေးတဲ့ အချိန်ကာလမှာ သူ့ရဲ့ခင်ပွန်းဖြစ်သူနေဝင်းနဲ့သာ အချိန်ကုန်ဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။

လူလေးချစ်စရာကောင်း သလို စိတ်ထားကောင်းတဲ့ အိမ့်ချစ်ချောက ဒီတစ်ခေါက် မှာလည်း စားဝတ်နေရေးအတွက် လမ်းဘေးမှာရေသန့်ဘူးရောင်းနေရတဲ့ အဘွားအတွက် သူမကိုယ်တိုင်မတည်အလှူငွေ ထည့်ပြီး အခြားအလှူရှင်တွေကိုလည်း အလှူခံခဲ့ပါတယ်။နှစ်ရက်အတွင်း အလှူခံတာမှာ အဘွားအတွက် အလှူငွေ (၁၇) သိန်းကျော်ရရှိခဲ့ကြောင်းကို “ရေသန့်ရောင်းတဲ့ အဖွားအတွက်အလှူငွေပေါင်းကြည့်နေတာ .. ပျော်လိုက်တာ 😭

လှူပေးကြတဲ့ တစ်ယောက်ချင်းစီ တကယ်ချစ်တယ် ❤️ အလှူငွေကများတော့ ဘယ်လိုလေးလှူရင်ကောင်းမလဲ ကူစဉ်းစားပေးကြပါဦး.. ငွေသားကွီးပဲ အကုန်ပေးဖို့ကတြော့ အဖှားကိုစိတ်ပူလို့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။အိမ့်ချစ်ချောကတော့ အမှန်တကယ် ခက်ခဲပြီး နေ့စဉ်နေပူမိုးရွာမရှောင် ရေသန့်ဘူးရောင်းနေရတဲ့ အဘွားအတွက် အလှူငွေ (၁၇) သိန်းကျော်ကို လှူဒါန်းပေးသွားမှာ ဝမ်းသာစရာပါပဲနော်။


Source: Eainy Chit Chaw’s fb
Credit