
Posted on






သားနှစ်ယောက်နဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးကိုဖြတ်သန်းလာတာ အိမ်ထောင်သက်(၁၂) နှစ်ပြည့်ခဲ့ပြီဆိုတဲ့ နေထူးနိုင်တို့ဇနီးမောင်နှံ

ကွီးနေထူးနိုင်လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင်နေထူးနိုင် ကတော့ အက်ရှင်နဲ့ သဘာဝလွန်ဗီဒီယို ဇာတ်ကားတွေကို အများဆုံးရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ နေထူးနိုင် ကတော့ သူဝါသနာပါရာ အနုပညာအလုပ်တွေနဲ့ အက်ရှင်သင်တန်းကျောင်း တစ်ကျောင်းကိုလည်း ဦးစီးလုပ်ကိုင်ကာ မိသားစုနဲ့ အေးချမ်းစွာနေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

သားနှစ်ယောက်နဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားတဲ့ နေထူးနိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာတော့ သူတို့မိသားစုရဲ့ အရေးကြီးတဲ့နေ့လေးတစ်နေ့ကို ဖြတ်သန်းခဲ့ တာဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၇) ရက်နေ့က နေထူးနိုင်နဲ့ သူ့ရဲ့ချစ်ဇနီး မြသင်းချယ်တို့ဇနီး မောင်နှံရဲ့ အိမ်ထောင်သက် (၁၂) နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့လေးပဲဖြစ်ပါတယ်။

နေထူးနိုင်တို့မိသားစုလေး ကတော့ သူတို့ဇနီးမောင်နှံရဲ့ (၁၂) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ သားတွေနဲ့အတူတူ သာယာပျော်ရွှင်တဲ့ အချိန်ကောင်း တစ်ခုကို ဖြတ်သန်းကုန်လွန်ခဲ့တာပဲဖြစ်ပါတယ်။

Source: Nay Htoo Naing’ fb
Credit:Myanmar Celebrities