ေလယာဥ္စီးရင္းအသက္ေဘးကေန သီသီေလးလြတ္ေျမာက္ခဲ့ရတဲ့ သူ႔တို႕ရဲ့ထူးဆန္းတဲ့ျဖစ္ရပ္တစ္ခုအား အံ့ၾသေၾကာက္လန္႕စြာ ေျပာျပလာတဲ့ အဆိုေတာ္စစ္ေသြးနဲ႔ေအာင္မင္းခန္႕
ပရိသတ္ႀကီးေရ ႏႈတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲ အခ်စ္ေတာ္ မင္းသားေလး ေအာင္မင္းခန႔္ကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ေနရာ ရရွိပိုင္ဆိုင္ထားၿပီး ႐ုပ္ရွင္ဇာတ္ကားေတြ မွာလည္း က်ရာေနရာကေန ပါဝင္သ႐ုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ လူငယ္ဆန္တဲ့ ဖက္ရွင္ေလးေတြကို ေရြးခ်ယ္ ဝတ္ဆင္တတ္တဲ့ ေအာင္မင္းခန႔္ကိုေတာ့ မိန္းကေလးပရိသတ္အမ်ားစုက သေဘာက်ေနၾကတာ ျဖစ္ပါတယ္။
ေအာင္မင္းခန႔္ တစ္ေယာက္ ဒီေန႔မနက္မွာ အလုပ္ကိစၥနဲ႔ မႏၲေလးၿမိဳ႕ကို ေလယာဥ္ျဖင့္ သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူနဲ႔အတူ အဆိုေတာ္ စစ္ေသြးလည္း လိုက္ပါသြားခဲ့တာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္က စစ္ေသြးရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ပို႔စ္တစ္ခု တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ေလယာဥ္စီးရင္းအသက္ေဘးကေန သီသီေလးလြတ္ေျမာက္ခဲ့ရတဲ့ သူ႔ရဲ့ထူးဆန္းတဲ့ျဖစ္ရပ္တစ္ခုအား ရင္ဖြင့္ေျပာျပလာခဲ့တာ ျဖစ္ပါတယ္
“ဘုရားစာေတြရြတ္တာလဲကုန္ၿပီ…ေလယာဥ္တက္ၿပီး ၅ မိနစ္ေလာက္ အၾကာမွာ ေလယာဥ္စက္ ခ်ိဳ႕ယြင္းပါသျဖင့္ရန္ကုန္ေလဆိပ္ကို ျပန္ဆင္းသက္ပါမယ္တဲ့ ..ရန္ကုန္ေလဆိပ္ကြင္းထဲကိုဆင္းေတာ့မယ္ …ေလယာဥ္နဲ႔ေျမျပင္ အျမင့္ ေပ ၅၀ ေလာက္အကြာမွာ မိုးေပၚျပန္ေထာင္တက္သြားျပန္ေရာ .လိူင္ျမစ္ႀကီးကို ပတ္ၿပီးေမာင္းျပန္ေရာ ..ေလယာဥ္မယ္လဲအမ်ိဳးမ်ိဳး ေၾကာ္ျငာတယ္ ..သူလဲစကားေတြမွား ..တက္မွာလား ဆင္းမွာလား ေလယာဥ္မယ္က ျပန္မေျပာနိုင္ ..
မိုးေပၚအျမင့္ႀကီးကို ျပန္ေထာင္ တက္တယ္ ေလယာဥ္ က ေတာ္ေတာ္ၾကာမွ …စက္ခ်ိဳ႕ယြင္းမႈ႔ ျပန္လည္ ေကာင္းမြန္သြားပါၿပီတဲ့ …ညီကို ၂ ေယာက္ မန္းေလး ေလဆိပ္ေရာက္မွစိတ္ ေအးရတယ္ ….ခုထိ ႏွစ္လုံးခုန္တာ မမွန္ေသးဘူး Aung Min Khant ဆိုရင္ ေၾကာက္လိုက္တာမွ ..” ဆိုၿပီး ေရးသားထားတာပဲျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တင္ဆက္ေ ပးလိုက္ ရပါတယ္ေနာ္။
Credit
လေယာဉ်စီးရင်းအသက်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့ရတဲ့ သူ့တို့ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအား အံ့သြကြောက်လန့်စွာ ပြောပြလာတဲ့ အဆိုတော်စစ်သွေးနဲ့အောင်မင်းခန့်
ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော် မင်းသားလေး အောင်မင်းခန့်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထားပြီး ရုပ်ရှင်ဇာတ်ကားတွေ မှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ ဖက်ရှင်လေးတွေကို ရွေးချယ် ဝတ်ဆင်တတ်တဲ့ အောင်မင်းခန့်ကိုတော့ မိန်းကလေးပရိသတ်အများစုက သဘောကျနေကြတာ ဖြစ်ပါတယ်။
အောင်မင်းခန့် တစ်ယောက် ဒီနေ့မနက်မှာ အလုပ်ကိစ္စနဲ့ မန္တလေးမြို့ကို လေယာဉ်ဖြင့် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ အဆိုတော် စစ်သွေးလည်း လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က စစ်သွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ လေယာဉ်စီးရင်းအသက်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့ရတဲ့ သူ့ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအား ရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်
“ဘုရားစာတွေရွတ်တာလဲကုန်ပြီ…လေယာဉ်တက်ပြီး ၅ မိနစ်လောက် အကြာမှာ လေယာဉ်စက် ချို့ယွင်းပါသဖြင့်ရန်ကုန်လေဆိပ်ကို ပြန်ဆင်းသက်ပါမယ်တဲ့ ..ရန်ကုန်လေဆိပ်ကွင်းထဲကိုဆင်းတော့မယ် …လေယာဉ်နဲ့မြေပြင် အမြင့် ပေ ၅၀ လောက်အကွာမှာ မိုးပေါ်ပြန်ထောင်တက်သွားပြန်ရော .လိူင်မြစ်ကြီးကို ပတ်ပြီးမောင်းပြန်ရော ..လေယာဉ်မယ်လဲအမျိုးမျိုး ကြော်ငြာတယ် ..သူလဲစကားတွေမှား ..တက်မှာလား ဆင်းမှာလား လေယာဉ်မယ်က ပြန်မပြောနိုင် ..
မိုးပေါ်အမြင့်ကြီးကို ပြန်ထောင် တက်တယ် လေယာဉ် က တော်တော်ကြာမှ …စက်ချို့ယွင်းမှု့ ပြန်လည် ကောင်းမွန်သွားပါပြီတဲ့ …ညီကို ၂ ယောက် မန်းလေး လေဆိပ်ရောက်မှစိတ် အေးရတယ် ….ခုထိ နှစ်လုံးခုန်တာ မမှန်သေးဘူး Aung Min Khant ဆိုရင် ကြောက်လိုက်တာမှ ..” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ေ ပးလိုက် ရပါတယ်နော်။
Credit