
Posted on






ညီမလေးကိုချစ်လွန်းလို့ အတင်းဖက်ပြီး နမ်းရှုံ့နေတဲ့ သားလေးဂျက်ဂျက်ကိုကြည့်ပြီး သဘောကျကာပီတိဖြစ်နေတဲ့ မေမေနန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့ မင်းသမီးလေး နန်းမြတ်ဖြိုးသင်း ကတော့ ပရိသတ်ကြီးကြီးငယ်ငယ် မရွေးကြိုက်နှစ်သက်ကြ သူလေး တစ်ယောက်ပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ မိခင် တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး ခင်ပွန်းသည်ကွယ်လွန်ပြီးနောက်မှာ မိသားစု တာဝန်တွေကို ဦးစီးဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းမြတ်ဖြိုးသင်းကိုသာမကပဲ သူမရဲ့ သားနဲ့သမီးလေးကိုပါ ကိုယ့်သွေးသားရင်းလိုချစ်ကြတာပဲဖြစ်ပါတယ်။

သားနဲ့သမီးကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် ဂျက်ဂျက်လေးနဲ့ ဂျူဂျူးလေးတို့ရဲ့ ပုံရိပ်ကိုမကြာခဏချပြလေ့ ရှိတဲ့ နန်းမြတ်ဖြိုးသင်းက ဒီကနေ့မှာလည်း မောင်နှမနှစ်ယောက်အကြောင်းကို ပြောလာပါတယ်။ နန်းမြတ်ဖြိုးသင်းက “တခါတလေလဲအဲ့လိုချစ်နေပြန်ရော 😍 သူ့ညီမလေးကိုချစ်ရင်ဖက်တယ်နမ်းတယ် အတင်းတွေလုပ်တာ အငယ်ကစိတ်တွေရှုပ်လာရော😅” ဆိုပြီး ပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ညီမလေးကိုချစ်လွန်းလို့ အတင်းဖက်ပြီး နမ်းရှုံ့နေတဲ့ သားလေးဂျက်ဂျက်ကို ကြည့်ပြီး သဘောကျနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းမြတ်ဖြိုးသင်းတို့ သားအမိတွေရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးနေကြမယ်ထင်ပါတယ်။

Source: Nann Myat Phyo Thinn’s fb
Credit:Myanmar Celebrities