
Posted on





Credit:Cele Thadin

ထမင်းကို ချော့ကျွေးစရာမလိုပဲ ပြောင်နေအောင်စားထားတဲ့ ချစ်စရာShandra လေးကို ဗီဒီယိုလေးရိုက်ကာ ချစ်မဝဖြစ်နေတဲ့ မေမေခင်လွှမ်း

ပရိသတ်ကြီးရေ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ သမီးလေး Shandra ကတော့ နှစ်ဖက် မိဘများရဲ့ မြေးဦးလေး ဖြစ်တာကြောင့် အဘိုးအဘွားတွေက အသည်းတုန် မတတ် ချစ်နေကြတာ ဖြစ် ပါတယ်။ ပရိသတ်တွေကလည်း သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ ကိုကြည့်ပြီး အသည်းယားနေတာ ဖြစ်ပါတယ်။Shandra လေးဟာ လသားပဲရှိသေးပေမယ့် ဓာတ်ပုံရိုက်ရင် အိုက်တင်တွေ ပေးတတ်နေပါပြီ။

မိခင်ဖြစ်သူ ခင်လွှမ်း ကလည်း သမီးလေးရဲ့ လှုပ်ရှားမှုမှန်သမျှကို နောက်ကနေ လိုက်ကြည့်ပြီး ချစ်မဝ ဖြစ်နေတာဖြစ်ပါတယ်။ မကြာသေးခင်က ခင်လွှမ်းရဲ့Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပန်းကန်တစ်ခုလုံး ဆေးစရာ မလိုအောင် ထမင်းတွေ ပြောင်အောင်စားထားတဲ့ သမီးလေးရဲ့ပုံစံကို ဗီဒီယိုရိုက်ပြီး သဘောကျနေတာပဲ ဖြစ်ပါတယ်။

Shandra လေးဟာ အခြားကလေးတွေ လို ထမင်းကို ချော့ကျွေးနေစရာ မလိုဘဲ ကုန်အောင်စားနိုင် တာကြောင့် ခင်လွှမ်းတစ်ယောက် ကျေနပ်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေဖို့ Shandra လေးရဲ့ ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။ အားလုံးလည်း ခင်လွှမ်းတို့ သားအမိနှစ်ယောက်ကို ချစ်ပေးကြပါဦးနော်။

Credit:Cele Thadin