
Posted on





Credit

လက်ရှိကျရောက်နေတဲ့ အကျဉ်းထောင်ထဲကနေ လွတ်မြောက်ပြီး နေအိမ်ကိုပြန်ချင်ကြောင်း မျက်ရည်များနဲ့ရေးသားလာတဲ့ ပိုပိုရဲ့သီချင်းလေးတစ်ပုဒ်

ပရိသတ်ကြီးရေ အဆိုတော် ပိုပိုကတော့နွေဦးတော်လှန်ရေးကြီးမှာပြည်သူ နဲ့အတူ ပါဝင်ခဲ့ပြီး လမ်းမပေါ်ထွက်ကာဆန္ဒထွက်ဖော်ခဲ့ တာဖြစ်ပါတယ်။ဒါကြောင့်အဆိုတော်ပိုပိုကိုမတရား ဖမ်းဆီးခဲ့ပြီးအင်းစိန်ထောင်ကို ပိုခံထားရတာလည်းဖြစ်ပါတယ်။အခုတစ်ခါမှာဆိုရင်အဆိုတော် ပိုပိုရဲ့ထောင်ထဲမှာရေးသားလာတဲ့အိမ်ပြန်ချင်တယ် ဆိုတဲ့သီချင်းတစ်ပုဒ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

အဆိုတော်ပိုပိုကတနေနေ့တော့ လွတ်မြောက်မှာပါ၊အားပေးစကား များလည်းကိုယ်ုကားပေမဲ့ အလိုလိုမျက်ရည်ဝဲထိန်းချုပ်မရဘူးကွယ်၊တနေ့ကံကောင်းဖို့စောင့်နေဆဲ၊အမှန်တရားတခုအတွက်ငါတို့ရပ်တည်ခဲ့၊ဝမ်းနည်းတိုင်းလည်းပြန်တွေးပါတယ်၊ဂုဏ်ယူခြင်းတွေတဲ့မျိုးဆက်သစ် များအတွက်မငိုဘူး၊ငါတို့တိုင်းပြည်အတွက်။

အချိန်တန်ရင်ပြန်ရမယ် ဆိုတာ သိထားလည်းကိုယ်လေအိမ်ကိုလွမ်းတယ်၊အတူပြန်နေချင်မိတယ်၊အိမ်မှာလေမိသားစုနဲ့သူတို့စောင့်နေပြီကွယ်၊အကြိမ်ကြိမ်ငါဆုတောင်းတယ်၊ဘယ်တော့များဖြစ်မလဲ၊ဝဋ်ကြွေးများကုန်ပါစေကွယ်၊ ကုန်ချင်ပြီကွယ်။ငါလေအိမ်ပြန်ချင်တယ်၊ ငါလေအိမ်ကို လွမ်းဆဲဆိုပြီးရေး သားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit