သူမအရမ်းချစ်ရတဲ့ မိခင်ကြီးကွယ်လွန်တာ ၁ဝလပြည့်နေ့လေးမှာ မိခင်ကြီးကိုရည်စူးပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်
Melody World သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အဆိုတော်မလေး အိုင်ရင်းဇင်မာမြင့်ကနေ တဆင့် လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ အနုပညာအလုပ်တွေကို နည်းနည်းချင်းစီသာလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
မကြာသေးခင်လပိုင်းအတွင်းကမှ မိခင်ကြီးကို ဆုံးရှုံးခဲ့ရတဲ့ အိုင်ရင်းဇင်မာမြင့်က မိခင်ကိုနေ့တိုင်းသတိရနေပြီး ရည်စူ းကုသိုလ်တွေပြုလုပ်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အိုင်ရင်းဇင်မာမြင့်က မိခင်ကွယ်လွန်ခြင်း (၁၀) လပြည့်အနေနဲ့ မိဘမဲ့ကလေးဂေဟာမှာ မနက်စာ အလှူပြုလုပ်ခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။
အိုင်ရင်းဇင်မာမြင့် ကတော့ သူမရဲ့ဘဝထဲက အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်တဲ့ မေမေ့ကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း တော်တော်လေး စိတ်ထိခိုက်ကြေကွဲခဲ့ရရှာတာပဲဖြစ်ပါတယ်။
Source:Irene Zin Mar Myint’s fb