ကရင္ျပည္နယ္ ေလးေက့ေကာ္ၿမိဳ႕က စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လိုအပ္တာမ်ားလွဴဒါန္းၿပီး ကုသိုလ္ျပဳခဲ့တဲ့ အဆိုေတာ္ဟန္ထူးလြင္

Posted on

ကရင္ျပည္နယ္ ေလးေက့ေကာ္ၿမိဳ႕က စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လိုအပ္တာမ်ားလွဴဒါန္းၿပီး ကုသိုလ္ျပဳခဲ့တဲ့ အဆိုေတာ္ဟန္ထူးလြင္

အဆိုေတာ္ ဟန္ထူးလြင္ ကေတာ့ လက္ရွိေႏြဦးေတာ္လွန္ေရးမွာ အတက္ႂကြဆုံး ပါဝင္လႈပ္ရွားေနတဲ့ အႏုပညာရွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။ သူတက္ႂကြမ္းတဲ့ အႏုပညာအလုပ္နဲ႔ ရန္ပုံေငြေတြမ်ားစြာ ရွာေဖြေပးေနတဲ့ ဟန္ထူးလြင္က NUG အစိုးရ ျပည္ေထာင္စုဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီးဌာနက ဦးရည္မြန္ဆီကေန ေက်းဇူးတင္ဂုဏ္ျပဳလႊာကိုလည္း ခ်ီးျမႇင့္ခံထားရသူ တစ္ေယာက္ျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ဟန္ထူးလြင္က ကရင္ျပည္နယ္ ေလးေက့ေကာ္ၿမိဳ႕က စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ လိုအပ္တဲ့ အသုံးအေဆာင္ေတြ ကို လႉဒါန္းေပးခဲ့တယ္လို႔ သိရပါတယ္။ ဟန္ထူးလြင္က “ေလးေက့ေကာ္ စစ္ေဘးေရွာင္မ်ား အတြက္ ဒီေန႔ ပို႔ေပးျဖစ္။ Stay safe and stay strong. Much love ❤️” ဆိုျပီး သူ့ရဲ့ေဖ့စ္ဘုတ္ စာမ်က္နွာကေန ေျပာလာတာပဲျဖစ္ပါတယ္။

ဟန္ထူးလြင္ ကေတာ့ ကရင္ျပည္နယ္ ေလးေက့ေကာ္ၿမိဳ႕က ရာနဲ့ခ်ီတဲ့ စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ သြားတိုက္တံ၊ သြားတိုက္ေဆး၊ ကေလးသံုးဒိုက္ဘာနဲ့ အစားအေသာက္ေတြမ်ားစြာကို ဝယ္ယူျပီး လွဴဒါန္းေပးခဲ့တာျဖစ္ပါတယ္။

Source: Han Htue Lwin’s fb
Credit:Myanmar Celebrities

ကရင်ပြည်နယ် လေးကေ့ကော်မြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တာများလှူဒါန်းပြီး ကုသိုလ်ပြုခဲ့တဲ့ အဆိုတော်ဟန်ထူးလွင်

အဆိုတော် ဟန်ထူးလွင် ကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ သူတက်ကြွမ်းတဲ့ အနုပညာအလုပ်နဲ့ ရန်ပုံငွေတွေများစွာ ရှာဖွေပေးနေတဲ့ ဟန်ထူးလွင်က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနက ဦးရည်မွန်ဆီကနေ ကျေးဇူးတင်ဂုဏ်ပြုလွှာကိုလည်း ချီးမြှင့်ခံထားရသူ တစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဟန်ထူးလွင်က ကရင်ပြည်နယ် လေးကေ့ကော်မြို့က စစ်ဘေးရှောင်ပြည်သူတွေ အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ဟန်ထူးလွင်က “လေးကေ့ကော် စစ်ဘေးရှောင်များ အတွက် ဒီနေ့ ပို့ပေးဖြစ်။ Stay safe and stay strong. Much love ❤️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာကနေ ပြောလာတာပဲဖြစ်ပါတယ်။

ဟန်ထူးလွင် ကတော့ ကရင်ပြည်နယ် လေးကေ့ကော်မြို့က ရာနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် သွားတိုက်တံ၊ သွားတိုက်ဆေး၊ ကလေးသုံးဒိုက်ဘာနဲ့ အစားအသောက်တွေများစွာကို ဝယ်ယူပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Source: Han Htue Lwin’s fb
Credit:Myanmar Celebrities