
Posted on





Credit

ချစ်ရတဲ့သမီးကြီးနဲ့ မတွေ့ရတာကြာပြီဖြစ်လို့ဗီဒီယိုကောလ်ပြောရင်း သားအမိနှစ်ယောက်ဝမ်းနည်းမျက်ရည်ကျရကြောင်းပြောပြလာတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ လက်ရှိမှာ ဒုတိယ အိမ်ထောင်နဲ့ အတူ သာယာကြည်နူး စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူမဟာ ကိုဗစ်ပထမလှိုင်း ကတည်းက ကလေးမီးဖွားရန်အတွက် အီတလီနိုင်ငံသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့တဲ့ သမီးကြီးကိုလည်းသတိရနေတာ ဖြစ်ပါတယ်။

သမီးကြီးကို လွမ်းဆွတ်နေတဲ့ အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အမြဲရင်ဖွင့်ရေးသာ းလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ချမ်းချမ်းရဲ့ Facebook Story တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာဖြစ်ပါတယ်။ ဒါကတော့ သမီးလေးကို မတွေ့ရတာကြာပြီဖြစ်တာကြောင့် ဗီဒီယိုကောလ်ပြောရင်း ဝမ်းနည်းမျက်ရည်တွေ ပါးပြင်ပေါ်သို့ စီးကျလာတဲ့ ပုံလေး ဖြစ်ပါတယ်။

” သားအမိနှစ်ယောက် သတိရလို့ ဖုန်းပြောရင်း ငိုကြ သမီးလေးရေ အမေ့ရင်တွေ ပူလိုက်တာ သတိရတဲ့စိတ်က နေ့တိုင်း ဟန်ဆောင်ပျော်အောင် ဖုံးပေမယ့် အဆင်မပြေဘူး အမြန်ဆုံး ဆုံပါရစေ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းချမ်းတို့ သားအမိနှစ်ယောက် အမြန်ပြန်လည် ဆုံဆည်းနိုင်စေဖို့ ဆုတောင် းပေးသွားကြပါဦးနော်။

Credit