
Posted on






ချစ်ရတဲ့ဇနီးဖြစ်သူရဲ့မွေးနေ့မှာ ချစ်ခြင်းမေတ္တာတွေနဲ့ အမှတ်တရမွေးနေ့ဆုတောင်းပေးလိုက်တဲ့ မိုင်းမိုင်

တစ်ချိန်က မိန်းကလေး ပရိသတ်တွေကြား သည်းသည်းလှုပ် ချစ်ခဲ့ရတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် မိုင်းမိုင်ကို ပရိသတ်ကြီးအားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်။ မိုင်းမိုင်ကတော့ အောင်မြင်နေဆဲ အချိန်မှာပဲ အနုပညာလောက ကနေ လုံးဝထွက်ခွာသွားခဲ့ပြီး အိမ်ထောင်ပြုသွား ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်တွေက မိုင်းမိုင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်ခဲ့ပေမယ့် မိုင်းမိုင်ကတော့ အနုပညာလောကနဲ့ လုံးဝအဆက်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်။

အိမ်ထောင်ကျပြီး ကလေးဖေဖေ တစ်ယောက်ဖြစ်နေပြီ ဖြစ်တဲ့ မိုင်းမိုင်ဟာ ဒီကနေ့ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့အိမ်သူသက်ထားရဲ့ မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးလာတာကို တွေ့ရပါတယ်။ မိုင်းမိုင်က “Happy birthday နော် မိန်းမ ရေ love u so so much 👑👑👑🎉🎉🎉🎁🎁🎁❤️❤️❤️❤️ အမြဲလိုပင် အနစ်နာခံ သည်းခံပြီး ချစ်ခြင်း တွေ နဲ့ ပွေ့ဖက်ထားပေးလို့ ကျေးဇူးပါ ❤️❤️❤️❤️” ဆိုပြီး မွေးနေ့ဆုတောင်းပေးလာတာပဲဖြစ်ပါတယ်။

မိုင်းမိုင်ကတော့ အိမ်ထောင်သက်တမ်း (၇) နှစ်ကျော်အတွင်းမှာ သားသမီးသုံးယောက် ထွန်းကားနေပြီဖြစ်ပြီး သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုင်းမိုင်ရဲ့ ယခုလက်ရှိပုံရိပ်လေးကိုကြည့်ပြီး တစ်ချိန်က ချစ်ခဲ့ရတဲ့ ကချင်မင်းသားလေး မိုင်းမိုင်ကို ပြန်လည်အမှတ်ရသွားကြမယ်လို့မျှော်လင့်ပါတယ်။

Credit:Myanmar Celebrities