အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးေနစဥ္ ေမ့ေျမာသတိလစ္သြားခဲ့တဲ့ သ႐ုပ္ေဆာင္ရဲတိုက္

Posted on

အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးေနစဥ္ ေမ့ေျမာသတိလစ္သြားခဲ့တဲ့ သ႐ုပ္ေဆာင္ရဲတိုက္

သ႐ုပ္ေဆာင္ရဲတိုက္ ကေတာ့ ယခု (၂၀၂၁) ခုႏွစ္မွာ ႏိုင္ငံေရး လႈပ္ရွားမႈေၾကာင့္ အင္းစိန္အက်ဥ္းေထာင္သို႔ ေရာက္ရွိေနတာ ပဲျဖစ္ပါတယ္။ ရဲတိုက္ကိုခ်စ္တဲ့ ပရိသတ္ေတြနဲ့ မိတ္ေဆြသူငယ္ခ်င္းေတြ ကေတာ့ ရဲတိုက္အတြက္ စိတ္ပူေနၾကၿပီး ရဲတိုက္နဲ႔ ပက္သတ္တဲ့ သတင္းအစအနကို ေစာင့္ေမွ်ာ္ေနၾကတာပဲျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ရဲတုိက္က အင္းစိန္ေထာင္တြင္းအထူးတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးစဥ္ ေမ့ေျမာသတိလစ္သြားခဲ့တယ္ဆိုတဲ့သတင္း ေပၚထြက္လာခဲ့ပါတယ္။

ရဲတုိက္က ဒီကေန့ ဒီဇင္ဘာလ (၁၅) ရက္ေန့မွာ အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးမွာ ရံုးထုတ္ စစ္ေဆးစဥ္ ေမ့ေျမာသြားခဲ့ျပီး ရဲတုိက္လိုပဲ ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဆိုခံထားရတဲ့ ရန္ကုန္ေဆး႐ုံႀကီးက ပါေမာကၡဆရာဝန္ႀကီး ေဒါက္တာေမာ္ေမာ္ဦးက အေရးေပၚကုသေပးခဲ့တယ္လုိ့ သိရပါတယ္။

အဲဒီလို အေရးေပၚကုသေပး လိုက္ႏိုင္တဲ့ေနာက္မွာ ရဲတိုက္ကို ေထာင္အာဏာပိုင္ေတြက အင္းစိန္ေဆး႐ုံကို ပို႔ေဆာင္ေပး ခဲ့ၿပီး ဒီဇင္ဘာ ၁၅ ရက္ညေနပိုင္းမွာေတာ့ သူဟာ အင္းစိန္ေထာင္ကို ျပန္လည္ပို႔ေဆာင္ခံ ခဲ့ရတယ္လို႔ သူ႔ေရွ႕ေနအဖြဲ႕ကေျပာပါတယ္။ ပရိသတ္ၾကီး ကလည္း ရဲတုိက္တစ္ေယာက္ ေနေကာင္းက်န္းမာျပီး အျမန္ဆံုးအိမ္ျပန္နိုင္ဖို့ ဝုိင္းဝန္းဆုေတာင္းေပးၾကပါဦးေနာ္။

Source: BBC Burmese ‘s fb
Credit:Myanmar Celebrities

အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေစဉ် မေ့မြောသတိလစ်သွားခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်

သရုပ်ဆောင်ရဲတိုက် ကတော့ ယခု (၂၀၂၁) ခုနှစ်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိနေတာ ပဲဖြစ်ပါတယ်။ ရဲတိုက်ကိုချစ်တဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကတော့ ရဲတိုက်အတွက် စိတ်ပူနေကြပြီး ရဲတိုက်နဲ့ ပက်သတ်တဲ့ သတင်းအစအနကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရဲတိုက်က အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မေ့မြောသတိလစ်သွားခဲ့တယ်ဆိုတဲ့သတင်း ပေါ်ထွက်လာခဲ့ပါတယ်။

ရဲတိုက်က ဒီကနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ် မေ့မြောသွားခဲ့ပြီး ရဲတိုက်လိုပဲ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်ဆေးရုံကြီးက ပါမောက္ခဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို အရေးပေါ်ကုသပေး လိုက်နိုင်တဲ့နောက်မှာ ရဲတိုက်ကို ထောင်အာဏာပိုင်တွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းမှာတော့ သူဟာ အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ခံ ခဲ့ရတယ်လို့ သူ့ရှေ့နေအဖွဲ့ကပြောပါတယ်။ ပရိသတ်ကြီး ကလည်း ရဲတိုက်တစ်ယောက် နေကောင်းကျန်းမာပြီး အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်။

Source: BBC Burmese ‘s fb
Credit:Myanmar Celebrities