ပိုက်ဆံတစ်သောင်းတန်အထပ်လိုက်ကို အလှူလာသမျှလူအားလုံးကို ကြဲချကာ ကောင်းမှုကုသိုလ်လေး ပြုလုပ်နေတဲ့ ဘေဘီမောင်ရဲ့ဗီဒီယို
Credit:Cele Thadin
ပိုက်ဆံတစ်သောင်းတန်အထပ်လိုက်ကို အလှူလာသမျှလူအားလုံးကို ကြဲချကာ ကောင်းမှုကုသိ်ုလ်လေး ပြုလုပ်နေတဲ့ ဘေဘီမောင်ရဲ့ဗီဒီယို
ပရိသတ်ကြီးရေ ဝေဖန်မှုတွေ များစွာနဲ့ ကြုံတွေ့နေရပေမယ့် အပြုံ း မပျက်ဘဲ ဈေးရောင်းရင်း စားဝတ်နေရေးကိုဖြေရှင်းနေသူ ကတော့ သရုပ်ဆောင် ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ကိုယ်ပိုင် စီးပွားရေးကို ကိုယ်တိုင်ဦးစီးဦးဆောင် လုပ်ကိုင်နေပြီး တဖြည်းဖြည်းချင်း ကြွယ်ဝချမ်းသာလာပြီ ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း အမြဲမပြတ်ပြုလုပ်လေ့ရှိကြောင်းကိုလည်း လူမှုကွန်ယက်ပေါ်တွင် ဝေမျှလေ့ရှိပါတယ်။
မကြာသေးခင်က ဘေဘီမောင်ရဲ့ Facebook အကောင့်တွင် ဗီဒီယိုလေး တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့အလှူသို့ လာသမျှသူတိုင်းအားလုံးကို ပိုက်ဆံတစ်သောင်းတန် အထပ်လိုက်ကြဲချပြီး ကုသိုလ်ယူနေတဲ့ ဘေဘီမောင်ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။မနေ့က ဘေဘီမောင်ရဲ့နေအိမ်တွင် ဘုရားနေကဇာတင်နဲ့အိမ်တက်မင်္ဂလာအလှူလေး ကျင်းပခဲ့ပါတယ်။
” ယနေ့ကုသိုလ်🙏🏻🙏🏻🙏🏻❤️🌹ဘုန်းဘုန်းက ခုံပေါ်ကနေကြဲဆိုလို့ပါ ခုံကလှုပ်နေတာကြောက် လိုက်တာ ဒါမဲ့ပျော်တယ်🙏🏻🙏🏻🙏🏻❤️” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေး ကို အခုပဲ တင်ဆက်ပေး လိုက် ရပါတယ်နော်။
Credit:Cele Thadin